စူကွန်ဗစ်မှ တထပ်လုံးကို တခန်းအဖြစ် ဆောက်လုပ်မည့် Scope Thonglor ကွန်ဒို


25 January, 2024

စူကွန်ဗစ်မှ တထပ်လုံးကို တခန်းအဖြစ် ဆောက်လုပ်မည့် Scope Thonglor ကွန်ဒို

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အထက်တန်းစား အိမ်ရာများ ဆောက်လုပ်သည့်  Scope Co သည် ဘတ် ၃ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုစီမံကိန်းအသစ်ဖြစ်သော Scope Thonglor ကွန်ဒို ဆောက်လုပ်မည်။ 

 

Scope Thonglor ကွန်ဒိုတွင် အခန်း ၁၈ ခန်းသာ ပါဝင်မည်။ အထပ်တထပ်လုံးကို ကွန်ဒိုတိုက်ခန်း တခန်းအဖြစ် ဒီဇိုင်းထုတ်ထားသည်။

ရောင်းဈေးမှာ ဘတ်သန်း ၂၀၀ မှစတင်မည်။ 

မြေဈေးသည် တစ် wah လျှင် ဘတ် ၃ သန်းနီးပါး မြင့်တက်နေသည့် Thonglor ဧရိယာတွင် အကြီးစား လူနေခန်းများ ၀ယ်လိုအား ရှိနေသည်ဟု အမှုဆောင်အရာရှိချုပ် Yongyutt Chaipromprasith မှ ပြောကြားသည်။

(1 wah = 4 square meters)

 

"အသားတင်တန်ဖိုး မြင့်မားတဲ့သူတွေက တသီးတသန့် နေချင်ကြတယ်။ အရင်တုန်းက စူပါလအထက်တန်းစား ကွန်ဒိုတလုံးမှာ အခန်း ၁၀၀ ခန့် ရှိတယ်။ ယခုအခါမှာတော့ ကွန်ဒိုတလုံးမှာ အခန်း ၂၀ ရှိနေတယ်ဆိုရင် များလွန်းတယ်လို့ ဆုံးဖြတ်ကြတယ်"ဟု ၎င်းက ပြောကြားသည်။

 

 Scope Thonglor သည် Sukhumvit Road ‌ရှိ တစ်ရုိင်မြေကွက်ပေါ်တွင် တည်ရှိသည်။ Soi Thonglor နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

(1  Rai = 1600 square meter)

 

၃၂ ထပ် ကွန်ဒိုဖြစ်ပြီး အိမ်ရာတိုက်ခန်း ၁၈ ခန်း ပါဝင်သည်။ ကြမ်းခင်းဧရိယာ ၄၁၅ စတုရန်းမီတာနှင့်အထက် ကျယ်ဝန်းသည်။ ဈေးနှုန်းမှာ တခန်းလျှင် ဘတ် သန်း ၂၀၀ နှင့်အထက် ဖြစ်သည်။

 

Scope Thonglor သည် တတိယမြောက် ကွန်ဒိုစီမံကိန်း ဖြစ်သည်။ ယခင်စီမံကိန်း နှစ်ခုမှာ ဘတ် ၉ ဘီလီယံတန် Scope Langsuan နှင့် ဘတ် ၁.၁ ဘီလီယံတန် Scope Promsri တို့ ဖြစ်ပါသည်။ 

 

Scope Langsuan သည် အခန်းများ ၆၀% ရောင်းချပြီးပြီ ဖြစ်သည်။ စုစုပေါင်း အရောင်းဝင်ငွေမှာ ဘတ် ၅.၈၆ ဘီလီယံ ဖြစ်သည်။ နိင်ငံခြားသားများက ၂၀% ဝယ်ယူထားသည်။

 

Scope Promsri  သည် အခန်းများ ၄၀% ရောင်းချပြီးပြီ ဖြစ်သည်။ ဝယ်ယူသူ အားလုံးမှာ ထိုင်းနိုင်ငံသားများ ဖြစ်သည်။

 

 နောက်ထပ် အကောင်အထည်ဖော်မည့် ကွန်ဒိုစီမံကိန်းမှာ Scope Prasanmitr ဖြစ်ပြီး တန်ဖိုးမဇာ ဘတ် ၂ ဘီလီယံ ဖြစ်ပါသည်။

 

Scope သည် ၂၀၁၇ ခုနှစ်တွင် မှတ်ပုံတင်ထားသော မတည်ရင်းနှီးငွေ ဘတ်သန်း ၁၀၀ ဖြင့် စတင်တည်ထောင်ခဲ့သည့် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။

ထိုင်းစတော့အိပ်ချိန်းစာရင်းဝင် အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေး လုပ်ငန်း SC Asset Corporation Plc က ၉၀% ပိုင်ဆိုင်သည်။ Mr Yongyutt က ၁၀% ပိုင်ဆိုင်သည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Residential Read 178 times