ကုန်ကျစရိတ်များ မြင့်လာသဖြင့် ကြီးထွားနှုန်း နှေးမည်ဟု SCG Ceramics ခန့်မှန်းထား


04 August, 2022

ကုန်ကျစရိတ်များ မြင့်လာသဖြင့် ကြီးထွားနှုန်း နှေးမည်ဟု SCG Ceramics ခန့်မှန်းထား

ထိုင်းစတော့အိပ်ချိန်းစာရင်းဝင်  SCG Ceramics သည် SCG Cement-Building Materials ရဲ့  လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး စွမ်းအင်ကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုတို့ကြားမှာ ဒုတိယနှစ်ဝက်တွင် တစ်စထက်တစ်စ ကြီးထွားလာရန်သာ မျှော်လင့်ထားပြီး လျော့ကျးမှုများကို ဖြည့်ဆည်းရန်အတွက် ပို့ကုန်စျေးကွက်နှင့် ပြုပြင်မွမ်းမံရေးစီမံကိန်းများတွင် ကုမ္ပဏီက အားကိုးအားထားပြုမှာ ဖြစ်ပါတယ်။

SCG Ceramics ၏ မန်နေးဂျင်း ဒါရိုက်တာ Nampol Malichai က ကြွေထည်လုပ်ငန်းကဏ္ဍ တစ်စထက်တစ်စ ကြီးထွားလာသည်ကို တွေ့ရကြောင်း၊ ဒုတိယနှစ်ဝက်တွင် ရာသီအလျောက် နှေးကွေးမှု ကြုံတွေ့ရနိုင်ကြောင်း၊ သို့သော်  Covid-19 Omicron မျိုးကွဲ ထွက်ပေါ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ရင် အခြေအနေက ခြုံငုံကြည့်ရင်  ပိုကောင်းမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

၂၀၂၂ ခုနှစ် ပထမခြောက်လတွင် ကုမ္ပဏီ အရောင်းရငွေ ဘတ် ၆.၆ ဘီလီယံရှိပြီး ယခင်နှစ်ထက်  ၁၇ % မြင့်တက်ခဲ့ပါတယ်။ ၈၀% ကို ထိုင်းပြည်တွင်းဈေးကွက်ထံမှ ရရှိပါတယ်။ ကျန်တဲ့ဝင်ငွေကို ပြည်ပရောင်းအားထံမှ ရရှိပါတယ်။ အမြတ် ဘတ် ၃၇၈ သန်း ရရှိခဲ့ပြီး ယခင်နှစ်ထက် ၄% ပိုမြင့်မားပါတယ်။
အထူးသဖြင့် ဒုတိယသုံးလပတ်တွင် စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်းသည် လုပ်ငန်းများကို တိုက်ရိုက်ထိခိုက်စေပါတယ်။ အမြတ်ထိုးကျသွားခဲ့ပါတယ်။

ဒုတိယသုံးလပတ်တွင် စွမ်းအင်ကုန်ကျစရိတ် ၃၀% တိုးလာပြီးနောက် ကုမ္ပဏီက  ရောင်းစျေးနှုန်းများကို မမြှင့်တင်ခဲ့ကြောင်း Mr Nampol က ပြောကြားပါတယ်။ 

သို့သော်လည်း ကုမ္ပဏီက ယခု သုံးလပတ်တွင် ပိုမိုမြင့်မားသော ကုန်ကျစရိတ်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ထုတ်ကုန်စျေးနှုန်းများ တိုးမြှင့်ရမည်ဖြစ်ကြောင်း Mr Nampol က ပြောကြားပါတယ်။ 

 SCG Ceramics က  ဧပြီလတွင် ၂% ဝန်းကျင်၊ ဇွန်လတွင် ၁~၂% အထိ မြှင့်တင်ခဲ့ပြီး ကုန်ကျစရိတ် ဆက်လက်မြင့်တက်ပါက ယခုနှစ်တွင် နောက်ထပ် ၁~၂% တိုးနိုင်ခြေရှိပါတယ်။

 စက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ၎င်း၏ စက်ရုံများတွင် ဆိုလာပြားများ တပ်ဆင်ခြင်းဖြင့် ၎င်း၏ စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချပေးမည်ဖြစ်ကြောင်း Mr Nampol က  ပြောကြားပါတယ်။
ယခုနှစ် ရင်းနှီးမြုပ်နှံမှုအသုံးစရိတ်မှာ ထိုင်းဘတ်ငွေ သန်း ၃၅၀ မှ ၄၀၀ အထိရှိပြီး ကုမ္ပဏီရဲ့ ပြည်တွင်းလုပ်ငန်းများတွင် ကုန်ကျစရိတ်လျှော့ချရေး ဗျူဟာနှင့် Klang Ceramic ဆိုင်ခွဲများ တိုးချဲ့ခြင်းအတွက် လျာထားခြင်းဖြစ်ပါတယ်။

ကုမ္ပဏီက Klang Ceramic ဆိုင်ခွဲအသစ် ၁၅ ခု ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ဆိုင်ပေါင်း ၈၄ ဆိုင် ဖွင့်လှစ်ထားပါတယ်။  ယခုနှစ်ကုန်တွင် ဆိုင်ခွဲပေါင်း ၁၀၀ အထိ ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်။

 

 

"ငွေကြေးဖောင်းပွမှုနှင့် ကုန်ကျစရိတ်များလို့ ဝယ်လိုအား ထိခိုက်ပေမဲ့လည်း ဒုတိယသုံးလပတ်အကုန်မှာ ဟိုတယ်‌ေတွ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ခရီးသွားများအတွက် ကြိုတင်ပြင်ဆင်ရန် ပြုပြင်မွမ်းမံရေးစီမံကိန်းများ အများအပြားရှိနေတာကြောင့် လျော့ကျနေတဲ့ ဝယ်လိုအား ပြန်တက်လာပါလိမ့်မယ်"လို့  Mr Nampol က ပြောကြားပါတယ်။


အလယ်အလတ်အပိုင်းအကန့်နှင့် အိမ်ခြံမြေ developer များအတွက် အိမ်ပြုပြင်မွမ်းမံမှုဈေးကွက်သည် ဆောက်လုပ်ရေးပစ္စည်းများ စျေးထပ်မတက်ခင်  ပြုပြင်မွမ်းမံများ စတင်လိ ကြတာကြောင့် ဒုတိယနှစ်ဝက်တွင် ၎င်းဈေးကွက် အပိုင်းအကန့်များမှာ ဝယ်လိုအား ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ထို့အပြင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမှုများမှာလည်း တိုးတက်‌ကောင်းမွန်လျက်ရှိပါတယ်။ 
 
SCG ထုတ်ကုန်များသည် အရည်အသွေးမြင့်မားသော်လည်း တရုတ်နိုင်ငံမှ ထုတ်ကုန်များနှင့် အလားတူစျေးနှုန်းဖြင့် ရောင်းချပေးနေတဲ့အပြင် 
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံမှ အမှာစာများ ပိုမိုရရှိကြောင်း Mr Nampol က ပြောကြားပါတယ်။

#MyanmarBuilderGuide 
 Telegram Channel https://t.me/Guid4U
Source: Bangkokpost 

Global Read 459 times