မန္တလေးတွင် RC တစ်ထပ်(၃)ဆောင်တွဲ(၁)လုံးတည်ဆောက်ရန်အိတ်ဖွင့်တင်ဒါခေါ်


16 November, 2020

မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊သာစည်မြို့နယ်လှိုင်းတက်ဥယျာဉ်ခြံ(၁)တွင် အောက်ဖော်ပြပါလုပ်ငန်းကို မြန်မာကျပ်ငွေဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန(အထက်မြန်မာပြည်) အဆောက်အဦး(၁၈ဝပေ×၃၅ပေ×၁၄ပေ)(သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်း) RC တစ်ထပ်(၃)ဆောင်တွဲ(၁)လုံး တည်ဆောက်ရန် ဖြစ်သည်။

တင်ဒါစတင်ရောင်းချမည့်ရက်မှာ(၁၄.၁၁.၂ဝ၁၇)ဖြစ်ပြီး (၁၃.၁၂.၂ဝ၁၇)ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တင်ဒါရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင်ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်သည်ဖြစ်ကြောင်း သိရသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီစိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူးရုံး(၇၃)လမ်း၊သိပ္ပံလမ်းထောင့်၊မန္တလေးဖြစ်ပြီး ဖုန်း(ဝ၂-၂၈၄၈၆၅၆,ဝ၉၂၂၂၁၁၂၈,ဝ၉၇၇၂၂၂၁၁၂၈)ဖြစ်သည်။

Source:Myanmar Alinn

Housing Read 110 times