ဝန်ထမ်းအိမ်ရာ (၆၀) လုံး အရည်အသွေးကြီးကြပ်စစ်ဆေးရေး (QA/QC) ဆောင်ရွက်ရန် ကုမ္ပဏီများကို တင်ဒါခေါ်


16 November, 2019

ဝန်ထမ်းအိမ်ရာ (၆၀) လုံးတည်ဆောက်ခြင်းလုပ်ငန်းအား အရည်အသွေးကြီးကြပ်စစ်ဆေးရေး (QA/QC) ဆောင်ရွက်ရန်အတွက် ကုမ္ပဏီများကို တင်ဒါခေါ်ထားပါသည်။

နေပြည်တော်ကောင်စီ၌ ဝန်ထမ်းအိမ်ရာ (၆၀) လုံး တည်ဆောက်ခြင်းလုပ်ငန်းအား အရည်အသွေးကြီးကြပ်စစ်ဆေးရေး (QA/QC) ဆောင်ရွက်ရန်အတွက် ကုမ္ပဏီများကို နေပြည်တော်ကောင်စီမှ တင်ဒါခေါ်ယူထားသည်။ နေပြည်တော်ကောင်စီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်မည်ဖြစ်သည်။

အဆိုပါ ဆောက်လုပ်မည့် ဝန်ထမ်းအိမ်ရာများမှာ ညွှန်ကြားရေးမှူးချုပ် နေအိမ်(Duplex) (၁၀) လုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်/ညွှန်ကြားရေးမှူးအိမ်ရာ (2U3S)(၈)လုံး၊ အရာထမ်းအိမ်ရာ (6U4S-3Bed)(၁၀)လုံး၊ အမှုထမ်းအိမ်ရာ ( 6U4S-2Bed)(၂၄)လုံး၊ လူပျိုဆောင်/အပျို ဆောင်(၈)လုံး၊ စုစုပေါင်းဝန်ထမ်းအိမ်ရာ အဆောက်အအုံ (၆၀) လုံး ဆောက်လုပ်မည်ဖြစ်သည်။

ယင်းအိမ်ရာများ ဆောက်လုပ်ခြင်းအတွက် အရည်အသွေးကြီးကြပ် စစ်ဆေးခြင်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိသည့် ကုမ္ပဏီများကို စိစစ်အကဲဖြတ်ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ နည်းပညာလျှောက်လွှာတင်သွင်းနိုင်ရန် စိတ်ပါဝင်စားသူ တိုင်ရင်းသားလုပ်ငန်ရှင်များအား ဖိတ်ခေါ်ထားသည်။

တင်ဒါလျှောက်လွှာပုံစံကို ၂၀၁၉ နိုဝင်ဘာ ၂၈ ရက်မှ စတင်ပြီး ၂၀၁၉ ဒီဇင်ဘာ ၁၆ ရက်ထိ ရောင်းချမှာဖြစ်ပြီး တင်ဒါလျှောက်လွှာပုံစံနောက်ဆုံးလက်ခံမည့်ရက်မှာ၂၀၁၉ ဒီဇင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီအချိန်ထိလျှောက်ထားနိုင်သည်။ လျောက်လွှာတင်သွင်းရာတွင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းစံချိန်စံညွှန်းများ ပါဝင်ရမည်ဖြစ်သည်။

နည်းပညာအောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်သိလိုပါက ကို ရုံးချိန်အတွင်း မေးမြန်းနိုင်ကြောင်း နေပြည်တော်ကောင်စီမှ ကြေညာထားသည်။

General Read 326 times