စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ တည်ဆောက်မည်

18 January, 2021

ပုသိမ်စက်မူမြို့တော်စီမံကိန်း(PIC)၏ Pharse 2 အဆင့်တွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း Ayeyarwaddy Development Public အများပိုင် ကုမ္ပဏီလီမိတက်မှ သိရသည်။

“Pharse ၁ ပြီးတာနဲ့ ဒီ ၂၀၂၁ ထဲမှာပဲ ဆက်တိုက်ဖော်ဆောင်သွားမှာကတော့ ပုသိမ်မြို့ဆက်စီမံကိန်းပေါ့၊အဲဒါနဲ့ တစ်ဆက်တည်း အိမ်ရာစီမံကိန်း တွေ၊ တန်ဖိုးနည်းအိမ်ရာတွေပေါ့ ဖော်ဆောင်သွားမယ်၊မြို့ပြအင်္ဂါ ရပ်နဲ့ညီတဲ့ လူနေမှု ဘ၀ တစ်ရပ်တိုး တက် အောင်ပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ ပုသိမ်မှာက တကယ့်ကွာလတီ ကောင်းတဲ့ အိမ်ရာ စီမံကိန်းတွေ မရှိသေးဘူး၊

ပုသိမ်မြို့မှာလည်း သူရဲ့စီးပွားရေးအနေအထားနဲ့ လူနေမှု အဆင့် အတန်း တစ်ခုရှိပါတယ်၊ အဲဒီအတွက် သူတို့အတွက် နေရာတစ်ခုဖန်တီးပေးလို့ရှိရင် သူတို့အနေနဲ့ လွယ်လွယ် ကူကူ လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေနိုင်မယ်ပေါ့၊ အဓိကတော့ မြို့ရဲ့ စီးပွားရေးကို အထောက်အကူပြုချင်တယ်” ဟု Ayeyarwaddy Development Public အများပိုင် ကုမ္ပဏီမှ Deputy Chief Executive Officer ဦးကြည်သာထွန်းက ပြောဆိုသည်။

ယင်း Pharse 2 အဆင့်တွင် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့်အတူ Hotel &resort ၊ ဈေးဝယ်စင်တာများ စီမံကိန်းများပါ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ဧက ၁၂၀၀ ရှိသည့် Pharse 1အဆင့်တွင် အင်တာနေရှင် နယ်ဆိပ်ကမ်း၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်လျက်ရှိနေပြီး ၂၀၂၁ ခုနှစ်တွင်း အပြီး သတ်တည် ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်း၏ Pharse 1 ဧရိယာတွင် အထည်ချုပ်စက်ရုံလေးရုံခန့် စတင်လည်ပတ်နေပြီဖြစ်ပြီး ယခုနှစ်အတွင်း အထည်ချုပ်စက်ရုံသစ် လေးရုံခန့်ထပ်မံလည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

“Pharse 1 မှာဆို အင်တာနေရှင်နယ်ဆိပ်ကမ်း ပါပါတယ်၊ စက်ရုံအဆောက်အအုံတွေ ပါပါတယ်၊ နှစ်တို နှစ်ရှည် ဌားရမ်းလို့ရမယ့် စက်ရုံတွေပါပါတယ်၊ အခုဧက ၆၀၀ လောက်စ တင်လည်ပတ်နေပါပြီ၊ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်မယ်၊ ပြည်တွင်းစက်ရုံတွေ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပေါ့ “ဟု ၎င်း ကထပ် လောင်းပြောဆိုသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငပုတောကား လမ်းဘေးရှိ မြေဧက ၆၇၀၀ ပေါ်တွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်းအား တည်ဆောက် နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းတွင် Pharse 1 ၊ Pharse 2၊ Pharse 3 ဖြင့် အပိုင်းသုံးပိုင်းခွဲခြားကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရ သည်။

iMyanmarHouse.com

Infrastructure and Zones Read 570 times