ပေါင် ၂၃၅ သန်းတန် Oxford Street (အောက်ဖို့ဒ်လမ်း) စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည့် Carey / Murphy JV


18 December, 2019

လန်ဒန်မြို့လယ်ရှိ Oxford Street (အောက်ဖို့ဒ်လမ်း)နှင့် ပတ်သက်သော အနောက် minster မြို့(Westminster City) ကောင်စီ၏ အမြင်ကို အကောင်အထည်ဖော်ရန် ပေါင် ၂၃၅ သန်းတန် စာချုပ်ကို Carey / J Murphy & Sons JV က ချုပ်ဆို နိုင်ခဲ့ပါတယ်။

ကန်ထရိုက်တာနှစ်ဦးဟာ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး ဝန်ဆောင်မှုများအတွက်စီမံကိန်း ၁၀၀နီးပါးကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး Elizabeth Line (မီးရထား) ဖွင့်သောအခါ ဧည့်သည်များတိုးလာမည်ဖြစ်သောကြောင့် ပိတ်ဆို့မှုကို လျော့ချပေးရန်၊ စက်ဘီးလမ်းကြောင်းများ အဆင့်မြင့်ရန်နှင့် စိမ်းလန်းစိုပြေသော အများပိုင်နေရာများ ဖြစ်ရန် ဖန်တီးပေးမည် ဖြစ်ပါတယ်။

စီမံကိန်းနှင့် နေရာချထားရေး ဝန်ကြီးအဖွဲ့ဝင် ရစ်ချတ်ဘက်ဒိုက "ကျွန်တော်တို့က အောက်စဖို့ဒ် ခရိုင်အတွက် ရည်မှန်းချက် ကြီးမားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မျှော်လင့်ချက်ကို စတင်အကောင်အထည် ဖော်နိုင်ဖို့ ကောင်စီရဲ့ ရန်ပုံငွေ ပေါင် ၁၅၀ ကို ဖယ်ထားပြီးပြီ" ဟု ပြောခဲ့ပါတယ်။

အများပြည်သူလည်ပတ်ရန် နေရာနှစ်ခုပါဝင်မည်ဖြစ်ပြီး ထို နေရာရှိ ပြည်သူများဘဝနဲ့ လမ်းသွားလမ်းလာတွေကို ပိုမို ဖွံဖြိုး တိုးတက်စေမှာပါ။

Global Read 67 times