စင်ဒေါ်လာ ၁.၆ ဘီလျံ ဈေးခေါ်ထားတဲ့ Orchard Towers နောက်ကွယ်မှ အကြောင်းအချက်များ


12 February, 2022

စင်ဒေါ်လာ ၁.၆ ဘီလျံ ဈေးခေါ်ထားတဲ့ Orchard Towers နောက်ကွယ်မှ အကြောင်းအချက်များ


စင်ကာပူနိုင်ငံ အချက်အချာနေရာမှာ တည်ရှိတဲ့ Orchard Towers ကို စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံဖြင့် collective sale စုပေါင်းရောင်းချရန် စတင်စီစဉ်နေပါတယ်။ 
Orchard Towers မှာ ပိုင်ဆိုင်မှု ရှိထားသူတွေက စုပေါင်းရောင်းချကြရမှာ ဖြစ်ပါတယ်။
တကယ်လို့ စင်ဒေါ်လာ ၁.၆ ဘီလျံဖြင့် စုပေါင်းရောင်းချဖြစ်ခဲ့ရင် ၂၀၀၇ မှာ စင်ဒေါ်လာ ၁.၃၄ ဘီလျံဖြင့် စုပေါင်းရောင်းချခဲ့တဲ့ Farrer Court ရဲ့ ဈေးအကြီးးဆုံးစံချိန်ကို စံချိန်ချိုးမှာ ဖြစ်ပါတယ်။
Orchard Towers မှာ ပိုင်ဆိုင်မှု ရှိထားသူတွေက အထူးမျက်နှာစုံညီအစည်းအဝေး Extraordinary General Meeting (EGM) ကို လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီမှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
EGM က အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အစည်းအဝေးနှင့် ဆင်ဆင်တူပါတယ်။ ကုမ္ပဏီအစည်းအဝေးမှာ ရှယ်ယာပိုင်ရှင်တွေက သဘောတူမတူ ဆန္ဒပြုပြီး အတည်ပြုပေးကြတယ်။ EGM မှာလည်း အဆိုပြုထားတဲ့ ရောင်းဈေးကို သဘောတူကြောင်း အတည်ပြုပေးဖို့ အစည်းအဝေးမှာ ဆန္ဒပြုပြီး အဆုံးအဖြတ် ပြုကြမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်သူများရဲ့ အနည်းဆုံး ၈၀% က သဘောတူ ဖို့ လိုအပ်ပါတယ်။


Orchard Towers စုပေါင်းအရောင်းကော်မတီ  collective sale committee (CSC) ကို ဖွဲ့စည်းထားပြီး Orchard Towers CSC က တင်ဒါခေါ်ဖို့ အရောင်းကိစ္စအဝဝ အတွက် အိမ်ရာအဆောက်အဦ အတိုင်ပင်ခံလုပ်ငန်း Edmund Tie ကို ငှားရမ်းထားပါတယ်


ယခင်စံချိန်ချိုးဖို့ ကြိုးပမ်းခဲ့တဲ့ စုပေါင်းအရောင်းဖြစ်တဲ့ International Plaza အဆောက်အဦ စုပေါင်းအရောင်းမှာ စင်ကာပူဒေါ်လာ ၂.၇ ဘီလျံ ရောင်းဈေးအဆိုပြုထားပြီး အရောင်းကိစ္စဘအကျိုးဆောင်အဖြစ် Edmund Tie က ဆောင်ရွက်ပေးခဲ့ပါတယ်။ တင်ဒါပိတ်ရက်က ၂၀၂၁ နိုဝင်ဘာလ ၃၁ ရက်ဖြစ်ပြီး တင်ဒါရလဒ် ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။

 Orchard Towers
လူနေတိုက်ခန်းတာဝါတစ်ခု၊ စီးပွားရေးလုပ်ငန်းများအတွက် တာဝါတစ်ခု ပါဝင်တဲ့ Orchard Towers ကို ၁၉၇၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
စင်ကာပူရဲ့ အထင်ကရ အချက်အချာ Orchard Road နဲ့ Claymore Road လမ်းထောင့်မှာ တည်ရှိပါတယ်။
ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ freehold land) a ပေါ်မှာ တည်ဆောက်ထားပါတယ်။ shopping ဈေးဝယ် လာကြတဲ့ ဧရိယာ အတွင်းမှာ တည်ရှိပါတယ်။

 

 

Orchard Towers မျက်နှာစာ အဆောက်အဦက ၅ ထပ်မြင့်ပြီး လက်လီဆိုင်များ၊ ရုံးခန်းများ၊ ကလပ်များ အတွက် အခန်းတွေ ပါဝင်ပါတယ်။ နောက်ဖက်မှ အဆောက်အဦမှာ လူနေအိမ်ရာတိုက်ခန်း ၅၈ ခန်းရှိပြီး တိုက်ခန်းပိုင်ရှင်တိုင်းက မြေပိုင်မြေကို အချိုးကျ ပိုင်ဆိုင်ပါတယ်။

အိမ်ရာတိုက်ခန်း လက်ရှိပေါက်ဈေးက ၁ စတုရန်းပေ စင်ဒေါ်လာ ၁,၃၂၀ ဖြစ်ပါတယ်။

အဆောက်အဦိက မြေဧရိယာ စတုရန်းမီတာ ၆,၁၃၀ (စတုရန်းပေ ၆၅,၉၈၃ ) ပေါ်မှာ တည်ဆောက်ထားပါတယ်။

 မျက်နှာစာ အဆောက်အဦမှာ Golden Bay Realty Ptd Ltd က  ၅၉ ခန်း ပိုင်ဆိုင်ထားပြီး ဆိုင် ၂၁ ခန်း၊ ရုံးခန်း ၃၈ ခန်း ပါဝင်ပါတယ်။

 


 
 အဆီတဝင်းဝင်း သဲတရှပ်ရှပ် 
Orchard Towers က နေရာကောင်းမှာ တည်ရှိနေတယ်။ လူတွေအလာများတဲ့ ဈေးဝယ်ဧရိယာနှင့် မလှမ်းမကမ်းမှာ တည်ရှိပါတယ်။
Forum The Shopping Mall, Far East Shopping Centre, Wheelock Place  ION Orchard တို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိနေတဲ့အပြင် Orchard MRT station နှင့်လည်း နီးပါတယ်။
Orchard Towers နှစ်ခုအနက် မျက်နှာစာ အဆောက်အဦ မြေနေရာက လမ်းမျက်နှာစာ ဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်တွေအတွက် အဆင်ပြေတယ်။ mixed-use အဆောက်အဦ အတွက် အခွင့်သာတယ်။

နောက်ဘက်မှ လူနေတိုက်တာအဆောက်အဦိက အိမ်ရာတိုက်ခန်းတွေ ရောင်းရင် ၁၀%တိုးမြှင့်သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်းခွန် နှုန်းထားအသစ်အရ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ 
 နောက်ထပ်အခက်အခဲ တစ်ခုက ပြဌာန်းထားတဲ့ ဥပဒေအရ  ၅ နှစ်အတွင်း အပြီးတည်ဆောက်ဖို့လိုပါတယ်။

ကိုဗစ်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရမယ့် အချိန်ကာလတွေ မလွဲမသွေ ရှိနေတဲ့အပြင် လုပ်သား မလုံလောက်တဲ့ ပြဿနာကလည်း ဆက်ရှိနေဦးမှာ ဖြစ်လို့ အချိန်မီ ပြီးစီးဖို့ ခက်ခဲ့ပါလိမ့်မယ်။

 

 

 

Real Estate & Properties Read 512 times