စင်ကာပူတွင် Orchard Boulevard မှ ကွန်ဒို ၄ ခန်း ဒေါ်လာသန်း ၆၀ ဖြင့် ဝယ်ယူ


13 September, 2022

စင်ကာပူတွင် Orchard Boulevard မှ ကွန်ဒို ၄ ခန်း ဒေါ်လာသန်း ၆၀ ဖြင့် ဝယ်ယူ


စင်ကာပူမှ Orchard တွင် အိမ်ရာတိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ခြင်းသည် စင်ကာပူတွင် စည်းစိမ်ချမ်းသာရှိသောဘဝဖြင့် နေထိုင်နိုင်ခြင်းဟု သတ်မှတ်ထားကြပါသည်။

တရုတ်နိုင်ငံသားတစ်ဦးသည် တစ်ခန်းမက ပိုင်ဆိုင်ထားခြင်းကို လက်ဝယ် ရယူလိုက်သည်။

သူက 3 Orchard By-The-Park မှ အခန်း ၄ ခန်းကို ဝယ်ယူခဲ့သည်။ တစ်ကြိမ်တည်းဖြင့် အပြီးအပြတ် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
ထိုသတင်းကို တရုတ်ဘာသာ သတင်းစာ Lianhe Zaobao တွင် ဖော်ပြထားပါသည်။


အခန်း ၄ ခန်း စုစုပေါင်း ဒေါ်လာ သန်း ၆၀ ပေးရပါသည်။ ကြမ်းခင်းဧရိယာ တစ်စတုရန်းပေကို အခန်းအပေါ်မူတည်ပြီး $3,600 မှ $3,700 အထိ ပေးရပါသည်။

Lianhe Zaobao က သတင်းဖော်ပြသည်မှာ ဝယ်ယူလိုက်သည့် အခန်း ၄ ခန်းသည် အခန်းပိုကျယ်သည့် အခြမ်းမှ အခန်းများ ဖြစ်ပြီး အခန်း ၃ ခန်းမှာ တစ်ခန်းလျှင် ဒေါ်လာ ၁၂ သန်းခန့် ပေးရပြီး ကျန်တစ်ခန်းမှာ ဒေါ်လာ သန်း ၂၀ ပေးရသည်။

အဆောက်အဦကို freehold  ဘိုးဘပိုင်မြေ (မြေပိုင်မြေ) ပေါ်တွင် တည်ဆောက်ထားသည်။ ၂၀၁၇ တွင် ဆောက်လုပ်ပြီးစီးသည်။ ၂၅ ထပ် အဆောက်အဦဖြစ်ပြီး အထူးသီးသန့်အိမ်ရာတိုက်ခန်း ၇၇ ခန်း ပါသည်။ 
developer မှာ YTL Group ဖြစ်ပါသည်။
အိမ်ရာတိုက်ခန်း ပွဲစားလုပ်ငန်းမှာ PropNex ဖြစ်ပါသည်။

YTL Group ပြောရေးဆိုရေးတာဝန်ခံက 'အခြေခံအားဖြင့်၊ ပြုပြင်မွမ်းမံခြင်းနှင့် အလှဆင်ခြင်းများအားလုံး ပြီးစီးပါပြီ။ တိုက်ခန်းက လူနေဖို့ အသင့်ပါပဲ" ဟု ပြောကြားသည်။

တိုက်ခန်းများသည် လူမနေရသေးသည့် တိုက်ခန်း အသစ် ဖြစ်သော်လည်း တိုက်ခန်းအတွင်း ပရိဘောဂများမှအစ အပြည့်အစုံ ထည့်ပေးထားပြီး ဖြစ်ရာ တိုက်ခန်းတွင် နေထိုင်ရန် အသင့်အနေအထားတွင် ရှိနေသည့် အခြေအနေဖြင့် ရောင်းချခြင်း ဖြစ်သည်။ 

Lianhe Zaobao ၏ အဆိုအရ   3 Orchard By-The-Park  ကွန်ဒိုတွင် အနည်းဆုံး အခန်း ၁၀ ခန်း ရောင်းချရန် ကျန်ရှိသေးကြောင်း သိရသည်။

 3 Orchard By-The-Park ကို အောက်ပါလင့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
https://www.3orchardbythepark.com.sg/interior/

Source zaobao.com.sg
#MyanmarBuilderGuide 

 Telegram Channel  https://t.me/Guid4U

Real Estate & Properties Read 478 times