ပေါလောပေါ်မြို့သစ် Oceanix


25 November, 2021

ကမ္ဘာ့ပထမဆုံး ပေါလောပေါ်မြို့သစ်ကို ကုလသမဂ္ဂ အားပေးမှုဖြင့် တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၅ ခုနှစ်တွင် စတင်တည်ဆောက်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းမြို့အနီး ကမ်းရိုးတန်း ပင်လယ်ပြင်မှာ Oceanix ကို ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ကျွန်းငယ်များအဖြစ် ဆောက်လုပ်ပြီး တစ်ကျွန်းချင်းဆီ ပင်လယ်ကြမ်းပြင်မှာ ကျောက်ချထားမှာ ဖြစ်ပါတယ်။ 
လျှပ်စစ်ဓာတ်ကို ဆိုလာပါဝါဖြင့် ပေးမှာ ဖြစ်လို့ အမိုးတွေကို ဆိုလာပြားတွေ ခင်းထားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးအတွက်လည်း ထည့်စဉ်းစားပေးထားပါတယ်။ ရေပေါ်စိုက်ခင်း ရေအောက်စိုက်ခင်းတွေ ထားရှိမှာ ဖြစ်ပါတယ်။ ပင်လယ်ရေကို သောက်ရေသန့်အဖြစ် ပြောင်းလဲပေးမယ့် စနစ်လည်း ထားရှိမှာ ဖြစ်ပါတယ်။ 
Oceanix  က ရေပေါ်မှာ ပေါလောပေါ်နေမှာ ဖြစ်လို့ ရေကြီးတဲ့ဘေးဒဏ် မဖြစ်ပွားဘူး။ 

Oceanix မှာ အဆောက်အဦတွေကို ခုနစ်ထပ်အထိသာ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ပင်လယ်လှိုင်းလူးတဲ့အခါ မြင့်တဲ့ အဆောက်အဦဟာ တိမ်းမှောက်နိုင်ပါတယ်။ လေတိုးတဲ့ဒဏ်လည်း ပိုပြင်းထန်ပါတယ်။ 

Oceanix မှာ လူဦးရေ တစ်သောင်း နေထိုင်ဖို့ ရည်မှန်းထားပါတယ်။ 

ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ လျာထားပါတယ်။ 

 

<

 

 


 

Region Read 325 times