ဂဏန်းတွက်စက်လို့ အမည်ပေးခံရတဲ့ OCBC Bank အဆောက်အဦ


07 November, 2021

အထပ် ၅၂ ထပ် မြင့်တဲ့ OCBC Bank ရုံးချုပ်ကို စင်ကာပူမှာ တည်ဆောက်ပြီးစီးခဲ့စဉ် ၁၉၇၀ ပြည့်နှစ်လွန်ကာလ အရှေ့တောင်အာရှမှာ အမြင့်ဆုံး အဆောက်အဦ ဖြစ်ခဲ့ပါတယ်။

ဗိသုကာဒီဇိုင်းမှာ လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာက ဘေးတစ်ဘက်တစ်ချက်စီမှာ တိုင်လုံးကြီး တစ်ခုစီထောင်ပြီး အဆောက်အဦကို ကြားညှပ်ပေးထားတယ်။ အလယ်မှာ နေရာယူတဲ့ အဆောက်အဦကို အောက်ခြေမှ ထိပ်ဖျားအထိ တစ်ဆက်တည်း မဟုတ်ဘဲ ကြားမှာ နှစ်နေရာ ခွဲခြားထားပေးပြီး မိုးထိတိုက်တာ အဆောက်အဦကို အပိုင်း ၃ ပိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်။



ခွန်အားတောင့်တင်းခြင်းနှင့် ခိုင်ကျည်တည်မြဲခြင်းတို့ကို ဖော်ညွှန်းတဲ့ ဒီဇိုင်းလို့ ဆိုပါတယ်။
အဆောက်အဦကို ယေဘုယျ ခြုံငုံကြည့်ရင် ခပ်ပြားပြား ဖြစ်နေပြီး ပြတင်းပေါက်တွေက ခလုတ်တွေ အစီအရီ စနစ်တကျ နေရာချထားတဲ့ မျက်နှာပြင်မျိုး ဖြစ်နေတာကြောင့် ချစ်စနိုးဖြင့် ဂဏန်းတွက်စက် the calculator” လို့ ခေါ်ကြတယ်။

 



နိုင်ငံတကာနယ်ပယ်မှာ ထင်ရှားတဲ့ ဗိသုကာ လုပ်ငန်းတစ်ခုကို စင်ကာပူမှာ ပထမဆုံး အသုံးပြုပြီး ဒီဇိုင်းထုတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ဗိသုကာ I.M. Pei ရဲ့ OCBC Centre က စင်ကာပူ ကောင်းကင် မြင်ကွင်းကို မြင့်မြင့်မားမား ကြီးကြီးမားမား ထုထည်ကြီးဖြင့် စိုးမိုးထားနိုင်ခဲ့ပါတယ်။
ဆောက်လုပ်ရေးမှာလည်း ဆန်းသစ်တီထွင်မှုများဖြင့် ဆောက်လုပ်ရေး နည်းပညာအသစ်များ အသုံးပြုခဲ့ပြီး ဆောက်လုပ်တဲ့ကာလ ၂ နှစ်မပြည့်ခင်မှာ ပြီးစီးခဲ့ပါတယ်။

 



တိုင်လုံးနှစ်ခုအကြား ကြီးမားတဲ့ ရက်မ သုံးခု ထားရှိပါတယ်။ တိုင်လုံးကြီးတွေ ဆောက်လုပ်ပြီး ရက်မ တွေနေရာချတဲ့ကာလမှာ တိုင်နှစ်လုံးကြား ထားရှိမယ့် အဆောက်အဦရဲ့ အပိုင်းတွေ အခြားတစ်နေရာမှာ ထုတ်လုပ်ပြီး ကြိုတင်တွဲစပ်တပ်ဆင်ခြင်း prefabricate လုပ်ဆောင်ခဲ့လို့ အချိန် ၂ နှစ်မကြာဘဲ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

 

 

 

Architecture Read 1082 times