တရုတ်နိုင်ငံမှ ဖော်ဆောင်မည့် OBOR ကုန်သွယ်မှုလမ်းကြောင်း


12 November, 2020

OBOR သည် One Belt and One Road ကို အတိုကောက်ပြုထားခြင်း ဖြစ်သည်။ ၎င်းသည် အင်မတန်ကြီးမားသည့် မီဂါ အခြေခံအဆောက်အအုံ စီမံကိန်းကြီးဖြစ်သည်။

နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ရ၀ နီးပါးတို့ လက်မှတ်ရေး ထိုးထားသည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်တွင် တရုတ်နိုင်ငံ၏ မြို့တော် ဘီဂျင်းတွင် ကျင်းပသည့် BRF ၌ မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

BRF သည် Belt and Road Forum ကို အတို ကောက်ပြုထားခြင်းဖြစ်သည်။ ၎င်းဖိုရမ်ကို ပထမ အကြိမ်ဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ လာ မည့် ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပမည် ဖြစ်သည်။

ဤဧရာမစီမံကိန်းကြီးသည် သယ်ယူပို့ဆောင် ရေး၊ စွမ်းအင်၊ လမ်းများ၊ တံတားများ၊ ဓာတ်ငွေ့ပိုက် လိုင်းများ၊ ပင်လယ်ဆိပ်ကမ်းများ၊ ရထားလမ်းများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများ ပါ၀င် သည်။

၂၀၁၃ ခုနှစ်တွင် ဤဧရာမစီမံကိန်းကြီးကို ရှီကျင့်ဖျင်က အဆိုပြုခဲ့သည်။ အခြေခံအဆောက် အအုံအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၅ ထရီလံယီ ဖြစ်ပြီး အာရှတစ်လွှား၊ အရှေ့အလယ် ပိုင်းဒေသ၊ ဥရောပနှင့် အာဖရိကတို့တွင် သုံးစွဲမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုးဒီက Made in India မူဝါဒကိုလည်း ကောင်း၊ အမေရိကန်သမ္မတ ထရန့်ပ် က America First မူဝါဒကိုလည်းကောင်း ကြွေးကြော်နေစဉ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်က ‘ရာစုနှစ်၏ စီမံကိန်း’ ဖြစ်ပြီး ဂလိုဘယ်လိုင်ဇေးရှင်း ကို ဖော်ကျူးခြင်း စံနမူနာ ဖြစ်သည်ဟု ကြွေးကြော် လိုက်ခြင်း ဖြစ်သည်။

One Belt and One Road ဟု ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ရာတွင်အကယ် စင်စစ် နဂိုကတည်းက လုပ်လက်စဖြစ်သည့်အခြေခံ အဆောက်အအုံများ အကျုံးဝင်နေသည်။

ဘာမှ မရှိ သေးသည့်အဖြစ်မှ စတင်ခြင်း မဟုတ်ချေ။ လက်ရှိ သုံးစွဲနေသည့် အဝေးပြေးလမ်းများ၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် အဝေးပြေးလမ်းများကို ထည့်သွင်းပေါင်းစပ်ကာ ဆက်စပ်သုံးစွဲသွားမည်ဖြစ်သည်။

ကနဦး အဆစ်အပိုင်းများတွင် နိုင်ငံပေါင်း ၆၅ နိုင်ငံ အကျုံး ၀င်သည့် စီမံကိန်းဖြစ်ကြောင်း၊ ပဏာမခြေလှမ်းတွင် ပါ၀င်မည်ဟု အတည်ပြုသည်ဖြစ်စေ မပြုသည့်ဖြစ် စေ ပါ၀င်ပြီးသား ဖြစ်နေသည့်သဘော ဖြစ်ကြောင်း ကို ရှင်းပြခဲ့သည်။

OBOR သည် စီစဉ်ဆောင်ရွက် လျက်ရှိသည့်လမ်းကြောင်းများ၊ စီစဉ်ဆောင်ရွက်ပြီး သား လမ်းကြောင်းများ အကျုံးဝင်နေခြင်းကြောင့် ပါ၀င်ပြီးသား ဖြစ်သည်ဟု ဆိုရခြင်း ဖြစ်သည်။

ဥပမာအားဖြင့် OBOR တွင် တရုတ်နှင့် ပါကစ္စတန် စီးပွားရေးစင်္ကြံ(China-Pakistan Economic Corridor – CPEC)နှင့် မြန်မာနိုင်ငံကို ခါးလယ်မှ ဖြတ်သန်းသွားမည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ တို့ပါ၀င်သည့် စင်္ကြံ (Bangladesh-China-India-Myanmar Corridor – BCIM) တို့ အကျုံးဝင်ကြ သည်။

BRF သို့် မြန်မာနိုင်ငံခေါင်းဆောင် အပါအဝင် နိုင်ငံ ခေါင်ဆောင် တက်ရောက်သည့် နိုင်ငံများ ၂၀ ရှိပြီး အများစုမှာ အာရှမှ နိုင်ငံငယ်များ ဖြစ်သည်။

၎င်းတို့ သည် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ထဲထဲဝင်ဝင် ပတ်သက်ဆက်နွှယ်မှု ရှိကြသည်။ ခေါင်းဆောင် မလာရောက်သော နိုင်ငံများကိုပါ ထည့်သွင်းးရေတွက်မည်ဆိုပါက တက်ရောက် သည့်နိုင်ငံစုစုပေါင်း ၅၀ ကျော်ရှိသည််။

တရုတ်နိုင်ငံသည် OBOR ကို အကြမ်းအားဖြင့် သာ တင်ပြထားသည်။ OBOR အထုပ်အပိုးထဲသို့ ထပ်ထည့်လိုသည်များ ရှိပါက ထည့်၍ရအောင် ဖွင့် ပေးထားသည်။

ပဏာမခြေလှမ်းများတွင် တရုတ် နိုင်ငံက ဦးဆောင်ဦးရွက်ပြုပေးရာ၌ တရုတ်နိုင်ငံ တော်ပိုင် ကုမ္ပဏီ ၅၀ ခန့်က OBOR စီမံကိန်း ၁,၇၀၀ နီးပါးတွင် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ခဲ့ကြသည်မှာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်သည်။

လူသိများပြီး အထင်ကရဖြစ်သည့် စီမံကိန်းများတွင် ကန်ဒေါ်လာ ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံသည့် တရုတ်-ပါကစ္စတန် စင်္ကြံ၊ တရုတ်နှင့် စင်ကာပူတို့ကို ဆက်သွယ်ပေးထား သည့် ကီလိုမီတာ ၃,၀၀၀ ရှိသည့် မြန်နှုန်းမြင့်ရထား လမ်း၊ အာရှအလယ်ပိုင်းတွင် သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းတို့ အပါအဝင် ဖြစ်သည်။

ပထမအကြိမ် BRF တွင် ရှီကျင့်ဖျင်က OBOR တွင် နောက်ထပ် ကန်ဒေါ်လာ ၁၁၃ ဘီလျံ ထပ်ထည့်မည့်အကြောင်း အသိပေးပြောကြားခဲ့ သည်။

ထို့အတွက် ရင်းမြစ်သုံးရပ်မှ ငွေထုတ်ပေးစမည်ဖြစ်သည်။ ရင်းမြစ် တစ်ခုမှာ နိုင်ငံတော်ပိုင် ပိုလမ်းမ ရန်ပုံငွေ (Silk Road Fund) ဖြစ်သည်။ ၎င်းရန်ပုံငွေကို ၂၀၁၅ ခုနှစ်တွင် တရားဝင် စတင်ခဲ့ပြီး မ,တည်ငွေ ငွေလုံး ငွေရင်း ကန်ဒေါ်လာ ၄၀ ဘီလျံ ရှိသည်။

နောက်ထပ် ရင်းမြစ်နှစ်ခုမှာ တရုတ်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရာ၌ အသုံးပြုလေ့ရှိ သည့် ဘဏ်နှစ်ခု ဖြစ်သည့် China Development Bank နှင့် Export and Import Bank of China တို့ဖြစ်သည်။

OBOR စီမံကိန်းများသည် ငွေကြေးအားဖြင့် တိုက်ရိုက်အကျိုးအမြတ် ပြန်ဝင်ချင်မှ ၀င်မည့် စီမံကိန်း များဖြစ်ပေရာ ငွေကြေးအရကြည့်လျှင် အဆိုပါ ရင်းနှီးမြှုပ်နှံမှုတို့သည် ငွေ ကြေးဆုံးရှုံးမှုဖြင့်သာ အဆုံးသတ်ဖွယ် ရှိသည်။

သို့သော် တရုတ်နိုင်ငံနှင့် ဒေသများ၏ အကျိုးစီးပွားအရကြည့်လျှင် အကျိုးဖြစ်ထွန်းမည့် အတိုင်း အတာမှာ မှန်းဆ၍ မရနိုင်အောင် ကြီးမားမည်ဖြစ်သည်။

ပဏာမအဆင့်များတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်း နှစ်ရပ်မှာ ဘီဂျင်းအခြေစိုက် Asian Infrastructure Investment Bank (AIIB) နှင့် ရှန်ဟိုင်းအခြေစိုက် New Development Bank (NDB)တို့ ဖြစ်သည်။

AIIB ကို ၂၁၀၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့ပြီး ၂၁၀၄ ခုနှစ် အောက်တိုဘာလတွင် စတင်ထူထောင်ခဲ့ရာ၌ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကိုယ်စားလှယ်တော်များက နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) လက်မှတ်ရေးထိုးခဲ့ကြသည်။

အဖွဲ့ဝင်အဖြစ် အဆိုပြုလွှာ တင်သွင်းရန် နောက်ဆုံးရက်အဖြစ် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်ဟု သတ်မှတ်ခဲ့သည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ၎င်း တို့၏ အဆိုပြုလွှာ အသီးသီးကို တင်သွင်း ခဲ့ကြပြီး ၎င်းတို့သည် AIIB ထူထောင်သူများအဖြစ် ပါ၀င်ခွင့် ရရှိခဲ့ကြသည်။ အဆိုပါ ၅၇ နိုင်ငံတွင် ၃၅ နိုင်ငံသည် အာရှနိုင်ငံများ ဖြစ်သည်။

ဘဏ် လုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် စတင်လည်ပတ်ခဲ့သည်။ AIIB သည် ကနဦး မ,တည်ငွေအဖြစ် ငွေလုံးငွေရင်း ကန် ဒေါ်လာ ၅၀ ဘီလီယံ ထည့်ဝင်သည်။ NDB က ငွေလုံးငွေရင်း ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်ဝင်သည်။ ၂၀၁၆ ခုနှစ်တွင် OBOR တစ်လျှောက်ရှိ စီမံကိန်းကြီး ၉ ခုအတွက် ချေးငွေ ကန်ဒေါ်လာ ၁.၇ ဘီလျံကို အတည်ပြု ပေးခဲ့သည်ကို တွေ့ရသည်။

OBOR တွင် အကျုံးဝင်သော ၆၄ နိုင်ငံတွင် မပါ၀င်သည့် နိုင်ငံ ၄၈ နိုင်ငံတို့က ပဏာမအဆင့်များတွင် ပူးပေါင်းပါ၀င်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီး ပါ၀င်ရန် ဆုံးဖြတ်သည့် နိုင်ငံများလည်း ရှိနေသည်ဟု သိရ သည်။

၎င်း ၄၈ နိုင်ငံတွင် အများစုသည် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု (Transport infrastructure cooperation) ကို အထူးတလည် စိတ်ဝင်တစား ရှိကြသည်။

အရှေ့အာရှတွင် တောင်ကိုရီးယားနိုင်ငံက ပါ၀င်မည်ဖြစ်သည်။ ၎င်း သည် ဆောက်လုပ်ရေးလုပ်ငန်းများကို ကမ္ဘာတစ်လွှားတွင် ကြီးမားသော အတိုင်းအတာဖြင့် လုပ်ကိုင်နေသောနိုင်ငံဖြစ်သည်။

သို့ဖြစ်ရာ AIIB နှင့် သဘောတူ ညီချက် လက်မှတ်ရေးထိုးရာတွင် ပါ၀င်သည်။ အဆိုပါသဘောတူညီချက် တွင် ဗြိတိန်နှင့် အနောက်ဥရောပမှ နိုင်ငံအများစုတို့လည်း ပါ၀င်ကြသည်။

အသေးစိတ် ပုံသေကားကျ သတ်မှတ်ချက်များ ပြဋ္ဌာန်းထားခြင်း မရှိဘဲ အဆင်ပြေသလို ဆက်စပ်ပူးပေါင်းရန် ဖွင့်ပေးထားခြင်းသည် OBOR ၏ ထူးခြား ချက်ဖြစ်သည်။

ယခုအချိန်တွင် မရေမရာ မသေမချာသည်များ များပြားနေသော် လည်း OBOR အတွက် မျှော်လင့်ချက်များ မြင့်မားလျက် ရှိသည်။ ထို့ကြောင့် လည်း AIIB တွင် OBOR နှင့် တိုက်ရိုက်ပတ်သက်နေသည့် နိုင်ငံများသာမက အခြားနိုင်ငံများကပါ ပါ၀င်ကြခြင်း ဖြစ်သည်။

Global Mixed Use and Urban Read 63 times