ဗီယက်နမ်မှ ဒေါ်လာ ၆၀ ဘီလီယံကျော် မြောက်-တောင်  မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း လုပ်ကိုင်ရန် တရုတ်က


03 November, 2023

ဗီယက်နမ်မှ ဒေါ်လာ ၆၀ ဘီလီယံကျော် မြောက်-တောင်  မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်း လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီ အဆိုပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

 

ဗီယက်နမ်နိုင်ငံမှ မြောက်-တောင် မြန်နှုန်းမြင့်ရထားလမ်းသည် အမေရိကန်ဒေါ်လာ ၆၁.၆ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
ဗီယက်နမ် မြောက်ပိုင်းနှင့် တောင်ပိုင်း သွယ်တန်းထားမည့် ၎င်းရထားလမ်းသည် အလျား ၁,၅၄၅ ကီလိုမီတာ ရှည်လျားပြီး ဟနွိုင်းနှင့် ဟိုချီမင်းမြို့ကြား ချိတ်ဆက်ပေးမည်။

မြန်နှုန်းမြင့်ရထားလမ်းတွင် ၁၄၃၅ မီလီမီတာ အကျယ်ရှိ လမ်းနှစ်သွယ် ခင်းထားပြီး ဘူတာ ၂၃ ခု ပါဝင်သည်။ 

ရထားလမ်း၏ ၆၀% သည် တောင်ကြား ချောက်ကမ်းပါးများအကြား တံတားထိုးထားသည့် နေရာများ ဖြစ်သည်။
 ၁၀% သည် မြေအောက်ဥမင်များ ဖြစ်သည်။
မြေပြန့်ပေါ်မှာ ၃၀% ရှိနေသည်။ 
ဖြတ်သွားဖြတ်လာ နေဂာ တခုမှ မရှိအောင် ဘေးနှစ်ဖက် တောက်လျှောက်အပြည့် ခြံစည်းရိုး ကာရံထားမည်။

 လမ်းပိုင်း ၂ ပိုင်း ခွဲထားသည်။
တပိုင်းမှာ ဟနွိုင်းနှင့် အလယ်ပိုင်းမြို့ကြီး ဗင်တို့အကြား ခင်းထားသည်။ ၎င်းအပိုင်းကို အရင်ဆုံး စခင်းမည်။ ကုန်ကျစရိတ် ကန်ဒေါ်လာ ၂၄ ဘီလီယံဟု ခန့်မှန်းထားသည်။ 
ကျန်သည့် တပိုင်းမှာ ဗင်မြို့မှ ဟိုချီမင်းစီးတီးအထိ ဖြစ်သည်။ 
လက်ရှိပြေးဆွဲနေသော ရထားသည် ဟနွိုင်းမှ ဟိုချီမင်းစီးတီးအထိ ၂၄ နာရီ ကြာသည်။ မြန်နှုန်းမြင့်ရထားသည် ၈ နာရီသာ ကြာမည်။

ရထားများသည် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ အမြန်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်သည်။
နောက်နောင်တွင် တစ်နာရီ ကီလိုမီတာ ၃၅၀ အမြန်နှုန်းသို့ အဆင့်မြှင့်တင်မည်။


တရုတ်နိုင်ငံမှ China Communications Construction Co. Ltd. (CCCC) က မြောက်-တောင် မြန်နှုန်းမြင့်ရထားလမ်း အပါအဝင် ဗီယက်နမ်နိုင်ငံ၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း ကြေညာခဲ့သည်။

အဆိုပါ အဆိုပြုချက်ကို China Harbour Engineering Co Ltd  ၏ ဒါရိုက်တာ Bai Yinzhan မှ တင်ပြခဲ့သည်။
China Harbour Engineering Co Ltd သည် နိုင်ငံစုံ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းကြီး CCCC ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည်။

CCCC သည် ဗီယက်နမ်နိုင်ငံတွင် ၁၉၉၆ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့သည်။

CCCC သည် လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံမှ ဟနွိုင်း-ဟိုင်ဖန်အမြန်လမ်းနှင့် Cai Mep-Thi Vai ဆိပ်ကမ်း၊ ဘိုင်တန်-ဘင်သွမ် အပူဓာတ်အားပေးစက်ရုံနှင့် လေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် အခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်း ၂၀ ကျော်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု Bai က ပြောကြားသည်။

ကုမ္ပဏီသည် ဗီယက်နမ်ရှိ မြောက်-တောင် မြန်နှုန်းမြင့် ရထားလမ်းကဲ့သို့သော  အဓိက သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်ရန် ထက်ထက်သန်သန် စိတ်ဝင်စားနေကြောင်း အဆိုပြုထားသည်။
Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 360 times