အဆောက်အအုံဒီဇိုင်းရေးဆွဲသူများလိုက်နာရမည့် National building code 2020 ထွက်ရှိမည်


10 March, 2020

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးဒီဇိုင်းရေးဆွဲသူများ လိုက်နာရမည့် National building code 2020 ထွက်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ထံမှ သိရသည်။

 "နောက်ပိုင်းကျရင် ဒီဇိုင်းလုပ်တဲ့လူတွေမှန်သမျှက Building code ကို ကိုးကားတွေလုပ်ရမယ်။ အခုလည်း ၂၀၁၆ ကထွက်ထားတဲ့ building code ပါအချက်တွေကို လိုက်နာရမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကညွန်ကြားထားတယ်။ ဒီမှာကြတော့ လိုအပ်ချက်တွေရှိနေလို့ ၂၀၂၀ verction ကိုထပ်ရေးဆွဲတာ"ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌဦးအောင်မြင့် ကပြောကြားသည်။

အဆိုပါ National building code 2020 တွင် အဆောက်အအုံတည်ဆောက်မှုတွင် လိုအပ်သည့် အဆောက်အဦခိုင်ခန့်မှု၊ ရေသန့်ရရှိမှု၊ ငလျင်ဒါဏ်ခံနိုင်မှု၊ မီးဘေးအရေပေါ်ထွက်ပေါက်၊ လှေကား၊ သဘာဝအလင်းရောင်ရရှိမှု စသည့်လုပ်ငန်းများအပြင် အသေးစားလုပ်ငန်းများဖြစ်သည့် အဲကွန်းထားရှိမှု စသည့်အချက်များ နှင့် အခန်းပေါင်း ၈ ခန်းရေးဆွဲထားကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ထံမှသိရသည်။

 
လက်ရှိတွင် အဆောက်အအုံဒီဇိုင်းစတင်ရေးဆွဲချိန်တွင် လိုက်နာရမည့် ဗိသုကာပုံစံရေးဆွဲမှုနှင့် အဆောက်အအုံ ခိုင်ခန့်မှုများကိုသာ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က လိုက်နာရန်ညွန်ကြားထားခြင်းဖြစ်ကြောင်း အဆိုပါအသင်းချူပ်ထံမှသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ဆောက်လုပ်ထားပြီးပျက်စီးမှုရှိသည့် တန်ဖိုးနည်းအိမ်ရာများတွင် သတ်မှတ်ချက်နှင့်မကိုက်ညီသည့် အခြေအနေများကြောင့် မျက်နှာကျက်ကွာကျခြင်း၊ သံချောင်းများပေါ်ခြင်း စသည့် ပြသနာများကြုံတွေ့လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

Credit: iMyanmarHouse.com

Laws and Regulations Read 80 times