အဆောက်အအုံ ကိစ္စရပ်များအတွက် လိုက်နာဆောင်ရွက်ရန် Myanmar National Building Code - 2020 စာအုပ်


01 January, 2020

၁။ Myanmar National Building Code ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ UN-Habitat ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ၊ မြန်မာနိုင်ငံဗိသုကာအသင်း ၊ ဆက်နွယ်သည့် ဝန်ကြီးဌာနများ ၊ နည်းပညာတက္ကသိုလ်များနှင့် အစိုးရအဖွဲ့အစည်းများဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် Technical Working Group (၇)ခုမှ ပြုစုခဲ့ခြင်းဖြစ်ပြီး Myanmar National Building Code - 2016 ကို (၁-၁၀-၂၀၂၀)ရက်နေ့မှစတင်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 

၂။ Myanmar National Building Code - 2016 ကို Technical Working Group များမှ တိုးတက်ပြောင်းလဲလာသည့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် ပြုစုခဲ့ပြီး Myanmar National Building Code - 2020 (၅)အုပ်နှင့် မြန်မာဘာသာပြန် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ

 

စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (၈)အုပ် တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ ၊ သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ဖြန့်ဝေရန်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ၊

 

မြန်မာနိုင်ငံ ဗိသုကာကောင်စီ ၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ တို့သို့ ရည်ညွှန်းကိုးကား လိုက်နာဆောင်ရွက်စေရေး ညွှန်ကြားချက်အား နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

 

၃။ Myanmar National Building Code - 2020 စာအုပ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အဆောက်အဦဦးစီးဌာန ၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော် နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် (ရန်ကုန်) ၊ မြန်မာနိုင်ငံ မြို့ပြအင်ဂျင်နီယာများအသင်း (ရန်ကုန်) ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မန္တလေး) တို့တွင် ဝယ်ယူ ရရှိနိုင်ပါသည်။

 

Myanmar National Building Code - 2020 (၅ အုပ်) နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (၈ အုပ်)

========

၁။ Myanmar National Building Code – 2020 Part 1 & 2 (၁) အုပ်

၂။ Myanmar National Building Code – 2020 Part 3 & 4 (၁) အုပ်

၃။ Myanmar National Building Code – 2020 Part 5 A,B,C,E & F (၁) အုပ်

၄။ Myanmar National Building Code – 2020 Part 5 D (၁) အုပ်

၅။ Myanmar National Building Code – 2020 Part 6 & 7 (၁) အုပ်

 

၆။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၁) (၁)အုပ်

၇။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၂) (၁)အုပ်

၈။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၃ နှင့် ၄) (၁)အုပ်

၉။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၅ က ၊ ခ ၊ ဂ) (၁)အုပ်

၁၀။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၅ ဃ) (၁)အုပ်

၁၁။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၅ င ၊ စ) (၁)အုပ်

၁၂။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၆) (၁)အုပ်

၁၃။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ - ၂၀၂၀ (အပိုင်း-၇) (၁)အုပ်

 

အထက်ဖော်ပြပါ စာအုပ်များအား ကြည့်ရှုရန် >> Click here <<

Laws and Regulations Read 2877 times