စတုတ္ထအကြိမ်မြောက် Myanmar Build & Decor ပြပွဲ (4th Edition of Myanmar Build & Decor)


04 November, 2020

စတုတ္ထအကြိမ်မြောက် Myanmar Build & Decor ပြပွဲကြီးတွင် ဗိသုကာနှင့် အတွင်းပိုင်းဆောက်လုပ်ရေးပစ္စည်များ၊ ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများအတွက် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေသည့် ပြပွဲကြီး ဖြစ်ကြောင်းသိရပါသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နှင့် ၃၀ ရက်နေ့များတွင် Myanmar Event Park at Mindama, Yangon တွင် နံနက် ၉း၃၀ မှ ညနေ ၅ နာရီအထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြပွဲတွင် ထိုင်း၊ တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ကုမ္ပဏီနှင့် အမှတ်တံဆိပ်ပေါင်း ၂၀၀ ကျော်ပါဝင်ပြသမည့် ပြပွဲကြီးဖြစ်ပါသည်။

ယခုပြပွဲကြီးတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလောကအတွင်း အသိပညာ၊ ဗဟုသုတများ ဝေမျှဖလှယ်ခြင်း၊ ပညာရေးနှင့်အတူစီးပွားရေးလုပ်ငန်းကွန်ရက်ကိုပါအချင်းချင်းချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် နေရာတစ်ခုလည်းဖြစ်ကြောင်းသိရပါသည်။

ပြပွဲသို့ ဗိသုကာပညာရှင်များ၊ အတွင်းပိုင်းဒီဇိုင်နာများ၊ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ၊ အဆောက်အဦနှင့် ဆောက်လုပ်ရေးနယ်ပယ်မှပညာရှင်များလက်လွတ်မခံဘဲတက်ရောက်သင့်ကြောင်းသိရပါသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၂နာရီခွဲအထိ “ကောင်းမွန်သောဆောက်လုပ်ရေးအလေ့အထများ” ခေါင်းစဉ်ဖြင့် ဦးကျော်လင်း (PE, ACPE, MD MYO & MYINT Co., Ltd.) မှ လည်းကောင်း၊နေ့လယ် ၂ နာရီ ၄၅ မိနစ်မှ ၄ နာရီအထိ “သဘာဝပတ်ဝန်းကျင် မပျက်စီးမှုရှေးရှုစွာနေထိုင်ခြင်း” ခေါင်းစဉ်ဖြင့် ဦးလှသောင်း (ဒီဇိုင်နာ၊ Idea Wood Smith) တို့မှဟောပြော သွားမှာဖြစ်ကြောင်းလည်းသိရသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၀ နာရီ ၄၅ မိနစ်အထိ “ခေတ်မီနည်းပညာသုံး အဆောက်အဦးစနစ်” ခေါင်းစဉ်ဖြင့် ဦးခင်မောင်ဝင်း (PE, ACPE, MD, Super Mega Engineering Co., Ltd.) မှလည်းကောင်း၊ နံနက် ၁၁ နာရီမှ ၁၂ နာရီ ၁၅ မိနစ်အထိ “အခြေခံမြို့ပြအင်ဂျင်နီယာဘာသာရပ်” ခေါင်းစဉ်ဖြင့် ဒေါက်တာစိုးမြင့် (PE, ACPE, MD, Soe Engineering Services Co., Ltd.) မှလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၄ နာရီအထိ စကားဝိုင်းဆွေးနွေးမှု “မြန်မာနိုင်ငံ၌ပို၍သာယာကောင်းမွန်သော နေထိုင်မှုဆီသို့” ခေါင်းစဉ်ဖြင့် ဦးငြိမ်းအောင် (ဥက္ကဋ္ဌ၊ ဂျီတီအိုင်ကျောင်းသားများဟောင်းများအသင်း)၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူ ဦးကျော်ကျော်စိုး (ဒုဥက္ကဋ္ဌ၊ ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်း) တို့မှ အသီးသီးဟောပြောသွား မည်ဖြစ်ကြောင်းသိရပါသည်။

Events Read 39 times