ကျောက်ဖြူစီမံကိန်းအပါအဝင် MoU သုံးခု လက်မှတ်ရေးထိုးမည့် တရုတ်သမ္မတခရီးစဉ်


18 January, 2020

တရုတ်သမ္မတ စီကျင်းပင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ကျောက်ဖြူစီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာ (MoU) သုံးခု လက်မှတ်ရေးထိုးရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျောက်ဖြူ စီမံကိန်းအတွက် နှစ်နိုင်ငံသဘောတူညီမှုဖြင့် လက်မှတ်ရေးထိုးမည့် MoU တွင် မူဘောင်သဘောတူညီမှုအောက် ရှိ လုပ်ငန်းစဉ် ခုနစ်ခုအနက် နှစ်ခုပါဝင်လာမည်ဟု သိရသည်။

ထို့အပြင် ကျောက်ဖြူစီမံကိန်း၏ လုပ်ငန်းစတင်မည့်ပမာဏကိုလည်း မူလသဘောတူ လက်ခံထားသည့် ပထမထက် နှစ်နိုင်ငံသဘောတူညီမှုဖြင့် လျှော့ချ ဆောင်ရွက်မည်ဟုလည်း သိရှိရသည်။

ကျောက်ဖြူစီမံကိန်းသည် မူလစာချုပ်ပါ မူဘောင်သဘော တူညီမှုအရ EIA, SIA လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တစ်နှစ်ခန့်ကြာမည်ဖြစ်၍ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးချိန်မှသာ ရေနက်ဆိပ်ကမ်းကို စတင်နိုင်မည်ဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက်က ပြုလုပ်သော ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Reference: Ministry of Commerce

Region Read 165 times