အသေးစား မြေတူးစက် micro excavators 300.9D


22 November, 2021

အသေးစား မြေတူးစက် micro excavators တွေမှာ အောပရေတာထိုင်ဖို့ ထိုင်ခုံပါပြီး အရွယ် တကယ် သေးငယ်တယ်။ အင်ဂျင်က 10 ကနေ 15 hp အထိ ရှိတယ်။ ‌အလေးချိန်က တစ်တန်ဝန်းကျင် ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေနဲ့ ထုတ်လုပ်ထားတဲ့ မြေတူးစက် အသေးစားတွေရဲ့ ဈေးကွက်က ကြီးထွားလာနေတယ်။
လူအစား စက်သုံးချင်လို့ မြေတူးစက်ကို သေးနိုင်သမျှသေးထားတာ လိုချင်ကြတဲ့သူတွေ များလာလို့ Caterpillar  က မြေတူးစက်အသေးစား 300.9D ကို ထုတ်လုပ်ရောင်းချတယ်။
၁ တန်သာသာ လေးတယ်။ အင်ဂျင်က ဆလင်ဒါ ၃ လုံးထိုး ၊ 13 hp အထိ ထုတ်ပေးနိုင်တယ်။

ဟိုက်ဒြောလစ်ပန့် ၂လုံးတွဲ က 2,500 psi မှာ 6 gpm ထုတ်ပေးနိုင်တယ်။

နေရာကျဉ်းကျဉ်းမှာ ကွေ့ချိုးလို့ရတယ်။ တံခါးနှစ်ချပ် တပ်တဲ့ တံခါးပေါက်မျိုးကနေ ဝင်လို့ ထွက်လို့ ရတာကြောင့် အဆောက်အဦအတွင်း သုံးစွဲလို့ ရနေစေပါတယ်။


 

Tips Read 1255 times