ရင်းဂစ် ၄၃ ဘီလီယံ မဟာစီမံကိန်းကြီး Melaka Gateway ပြန်လည်စတင်တော့မည်


14 September, 2023

ရင်းဂစ် ၄၃ ဘီလီယံ မဟာစီမံကိန်းကြီး Melaka Gateway ပြန်လည်စတင်တော့မည်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌက စီမံကိန်း ပြန်လည် ရှင်သန်လာပြီး အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြုပ်နှံသူ အသစ်များ၏ ပါဝင်မှုဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟု ပြောကြားခဲ့သည်။

 

နိုင်ငံတကာ အပျော်စီးသင်္ဘော ဆိုက်ကပ်ရန် ဆိပ်ကမ်းတစ်ခု ပါဝင်သော Melaka Gateway မဟာစီမံကိန်းကြီး၏ မော်ဒယ်ပုံစံငယ်


ရင်းဂစ် ၄၃  ဘီလီယံ မဟာစီမံကိန်းကြီး Melaka Gateway  ပြန်လည်အသက်သွင်းရန်အတွက် ပြည်ထောင်စုအစိုးရနှင့် Melaka ပြည်နယ်အာဏာပိုင်များထံမှ အတည်ပြုချက်ကို ရယူခဲ့ကြောင်း developer မှ စက်တင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

KAJ Development Sdn Bhd ၏ အမှုဆောင် ဥက္ကဋ္ဌ Daing A Malek Daing A Rahaman က  Melaka International Cruise Terminal တည်ဆောက်မှုနှင့်အတူ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းတာမင်နယ်ကို  Melaka ပြည်နယ်အစိုးရက လုပ်ငန်းလုပ်ကိုင် လည်ပတ်ခွင့် အပြည့်အဝ ရရှိထားကြောင်း ၎င်းက ပြောကြားသည်။

မဟာစီမံကိန်းကြီးကို တက်တက်ကြွကြွဖြင့် ဦးဆောင်ရန် ‌အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Melaka Gateway တွင် ဂျိုဟိုးစော်ဘွား  Sultan Ibrahim Sultan Iskandar က ရင်းဂစ် ၆ သန်း ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ၃၀% ပိုင်ဆိုင်သည်။ Daing A Malek က ရင်းဂစ် ၂ သန်း ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ၁၀% ပိုင်ဆိုင်သည်။

ရှယ်ယာအများဆုံး ပိုင်ဆိုင်သူမှာ KAJ ၏ စီအီးအို Siow Yoke Foong ဖြစ်ပြီး ရင်းဂစ် ၇ သန်း ရင်းနှီးမြှုပ်နှံကာ ရှယ်ယာ ၃၅% ပိုင်ဆိုင်သည်။

Daing A Malek က အဆိုပါ အပျော်စီးသင်္ဘော ဆိပ်ကမ်းသည် Melaka Gateway သို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၃.၅ သန်းခန့် ရောက်ရှိလာစေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


Source FMT

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Infrastructure and Zones Read 379 times