ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MCEA တို့ပူးပေါင်းအကောင်အထည်ဖော်မည့် Mix Used Project


16 November, 2020

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံဆိပ်ကမ်းမြို့နယ်ရှိမြေ ၁၈၃ဧကတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MCEA)တို့ပူးပေါင်းပြီး Mix Used Project ကြီးတစ်ခုကို လာမည့်နှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့အကောင်အထည်ဖော်တည်ဆောက်ရန်အတွက် တည်ဆောက်သူ Developer များကို မကြာမီ ခေါ်ယူသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ နည်းပညာအကူအညီများရယူသွားရန်ရှိကြောင်း သိရသည်။

MCEA နှင့် Yangon Metropolitanဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းတွင် ရှိသော မြေ ၁၈၃ဧကတွင် တန်ဖိုးနည်းများ၊ဝန်ထမ်းအိမ်ရာများ၊အငှားအိမ်ရာများ၊ပေါင်းစည်းထားသောMix used Project လုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် မြေပြင်ဆင်မှုလုပ်နေပြီး မကြာခင်တွင် တင်ဒါပေးမည်ဖြစ်ကြောင်း သိရသည်။ကုမ္ပဏီအားလုံးမှ လည်း တင်ဒါစည်းကမ်းနှင့်အညီ ဝင်ပြိုင်ပြီးမှ ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင်ဦးဆုံးအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍တန်ဖိုးသင့်အိမ်ရာအဆောက်အအုံငါးလုံးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

MCEA အနေဖြင့် ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံ၊ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Mixed Use and Urban Read 28 times