စင်ကာပူ အထက်တန်းစား ကွန်ဒိုတိုက်ခန်းများ နိုင်ငံခြားသား ဝယ်ယူမှု များပြားနေ


03 June, 2023

စင်ကာပူ အထက်တန်းစား ကွန်ဒိုတိုက်ခန်းများ နိုင်ငံခြားသား ဝယ်ယူမှု များပြားနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စင်ကာပူအာဏာပိုင်များသည်  အိမ်ရာဈေးကွက်ကို အရောင်းအဝယ် အေး‌သွားစေရန်အတွက်  နိုင်ငံခြားသားများအတွက် အိမ်ယာမြေခွန်ကို ၆၀% သို့ နှစ်ဆတိုးမြှင့်ခဲ့သည်။ ကမ္ဘာ့မြို့ကြီးများတွင် အခွန်အမြင့်မားဆုံးသို့ ရောက်ရှိသွားသည်။


စင်ကာပူနိုင်ငံမှ အိမ်ရာဝယ်ယူမှုအပေါ် အခွန်နှစ်ဆမတိုးခင်မှာ နိုင်ငံခြားသားများ ဝယ်ယူသည့် အထက်တန်းစား ကွန်ဒိုအခန်း အရေအတွက်သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်းအမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။


နိုင်ငံခြားသားများသည် ယခုနှစ် ပထမသုံးလပတ်တွင် စင်ကာပူ မြိုလယ်ပိုင်းဒေသရှိ အထက်တန်းစား အိမ်ရာ  ၁၅၉ ယူနစ်ကို ဝယ်ယူခဲ့ကြောင်း OrangeTee & Tie Pte ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယမန်နှစ်က ၇၁ ယူနစ် ဝယ်ယူခဲ့သည်ထက် ၂ ဆကျော်သည်။ 
တရုတ်ဝယ်လက်များက အထက်တန်းစား ကွန်ဒိုမီနီယံတိုက်ခန်း ၁၁၁ ယူနစ်ဝယ်ယူခဲ့ရာ ယခင်နှစ်၏ ၁၅၈% သို့ မြင့်တက်ခဲ့သည်။

ဧပြီလတွင် အိမ်ရာစီမံကိန်းများ အရောင်းဖွင့်ခဲ့ကြရာ စီမံကိန်းအရေအတွက် ပိုများခဲ့ပြီး ရောင်းအားလည်း ပိုများခဲ့သည်။ 
ဧပြီလတွင် နိုင်ငံခြားသားများက အိမ်ရာ ၇၀ ယူနစ် ဝယ်ယူခဲ့ကြသည်။ အဝယ်များသည်မှာ စင်ကာပူဒေါ်လာ ၂ သန်းမှ ၅ သန်းတန်အထိ အတန်းအစား ဖြစ်ပါသည်။
Source scmp
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Residential Read 250 times