ဝါးရောင်စုံ အတွင်းအလှဆင်ထားတဲ့ louis vuitton အရောင်းဆိုင်


24 July, 2021

ဖက်ရှင်တိုက် louis vuitton က သက်တမ်း နှစ်ပေါင်း ၁၆၀ ပြည့်သည့် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လက်ဆောင်ပစ္စည်းများ ရောင်းချသည့် ဆိုင်တစ်ခုကို ဖွင့်လှစ်ခဲ့ရာ sugawaradaisuke architects မှ ဒီဇိုင်းပိုင်းကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ 

 

 

 louis vuitton  သမိုင်းကြောင်းတစ်လျှောက် နှစ်ပေါင်း ၁၆၀ခရီးရှည်၏ ဖန်တီးခြင်းနှင့် အနုပညာဆန်ခြင်းတို့ကို ထင်ဟပ်သည့် အခင်းအကျင်းကို ဖော်ကျူးရာ၌  louis vuitton သုံးစွဲနေကျ အရောင်အသွေးများဖြင့် အတွင်းအလှဆင်ဒီဇိုင်းကို ဖန်တီးသည်။ 

 

ထုတ်ကုန်ပစ္စည်းများ ပြသသည့် စင်များကို တစ်ခုနှင့်တစ်ခု ပုံပန်းသဏ္ဍာန် မတူအောင် ဒီဇိုင်းထုတ်ထားသည်။ ထိုစင်အသီးသီးကို လေထဲပင့်တင်ပေးထားဟန်ရှိသည့် သတ္တုသား ထောက်တိုင်များ ရှိနေပြီး ဆလင်ဒါပိုက်လုံးများ မတ်မတ်ထောင်ထားသည့်ဒီဇိုင်းးကို ဖန်တီးထားသည်။

သတ္တုထောက်တိုင် ပိုက်လုံးများနှင့် ၎င်းတို့ထောက်ပင့်ထားသည့်စင်ကို အရောင်တူ သုံးစွဲထားသည်။

သို့ဖြစ်ရာ စင်တစ်ခုလုံးတွင် အရောင်တစ်ရောင်တည်းကိုသာ မြင်ရတွေ့ရမည် ဖြစ်သည်။

အရောင်များမှာလည်း မြင်လိုက်လျှင် ထင်းနေသည့် အရောင်များ ဖြစ်သည်။ ထင်းနေသည့် အရောင်ခြယ်ပေးထားသော သတ္တုထောက်တိုင် ပိုက်လုံးများ၏ မျက်နှာပြင်ကို ပြောင်ပြောင်ရောင်ရောင်ဖြစ်နေစေပေရာ အရောင်ထွက်အောင် သပေးထားသည့်နှယ် မြင်ရတွေ့ရစေသည်။

ထိုသတ္တုထောက်တိုင် ပိုက်လုံးများသည် ရောင်စုံ ဝါးပင်များ၏ ပင်စည်သဖွယ် ဖြစ်နေပြီး ဆိုင်ထဲ လမ်းလျှောက်နေသော ဈေးဝယ်သူတို့အဖို့ ဝါးပင်ငယ်များ ရှိနေသည့် တောအုပ်တစ်ခုထဲ လမ်းလျှောက်နေရသည့် ခံစားမှုများကို ရရှိစေမည် ဖြစ်သည်။ 

အရောင်ထင်းထင်းနှင့် တောက်ပြောင်သော ပိုက်လုံးမျက်နှာပြင်တို့မှ ထုတ်လွှတ်နေသော အရောင်များကို ရောင်ပြန်ဟပ်သည့် ကြမ်းပြင်က တွန်းတင်ပေးထားသည်။ 

ဆိုင်ထဲ ရောက်သည်နှင့် ပြည့်ပြည့်တင်းတင်း အရောင်များ စုံလင်နေသည်ကို ချက်ချင်း သတိပြုမိမည် ဖြစ်သည်။ 

project info:
 
name: happy bamboo forest mood
designer: sugawaradaisuke architects
design team: daisuke sugawara, mika fujisaka, ryoko maeda, yuki nakao
design development + supervisor: louis vuitton japan
location: tokyo, japan
design period: jan. 2021 – feb. 2021
construction period: feb. 2021 – mar. 2021
 

 

 

 

 

 


 

 

 

 

 

 

 

Interior Decoration Read 784 times