စင်ကာပူ အရှေ့ဘက်ကမ်းရိုးတန်း 'Long Island' စီမံကိန်း စတင်တော့မည်


30 November, 2023

စင်ကာပူ အရှေ့ဘက်ကမ်းရိုးတန်း 'Long Island' စီမံကိန်း စတင်တော့မည်

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

စင်ကာပူ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် အပိုင်း သုံးပိုင်းပါဝင်သည့် ကုန်းမြေ ဖို့ယူမည့် Long Island စီမံကိန်းအတွက် နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများ ၂၀၂၄ ခုနှစ်တွင် စတင်မည် ဖြစ်သည်။
ဧရိယာသည် ဘောလုံးကွင်း ၁,၀၀၀ စာ အကျယ်အဝန်းရှိသည့် ဟက်တာ ၈၀၀ ကျယ်ဝန်းသည်။ 


စီမံကိန်း၏ အဓိက ရည်မှန်းချက်မှာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေသဖြင့် ကုန်းတွင်းပိုင်းသို့ ရေလွှမ်းမိုးမည့် အန္တရာယ်မှ ကာကွယ်ရန် ဖြစ်သည်။ 

 

 စီမံကိန်းဖော်ဆောင်မည့် ကမ်းခြေတဝိုက်သည် ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် ၅ မီတာအောက်မျှသာ ပိုမြင့်သည်။ ယခုရာစုနှစ်အကုန်တွင် ပင်လယ်ရေမျက်နှာပြင်သည် ကမ်းခြေကုန်းမြေထက် ပိုမြင့် သွားနိုင်သည်။ အထူးသဖြင့် ထူးကဲဒီရေ မြင့်တက်ခြင်း၊ မုန်တိုင်းကြောင့် လှိုင်းထန်ပြီး ပင်လယ်ရေမျက်နှာပြင် ကြွတက်ခြင်းတို့ ဖြစ်ပွားသည့်အခါ ရေလွှမ်းမိုးမည့် သဘာဝဘေးအန္တရာယ် ရှိနေသည်။
 
Long Island စီမံကိန်းအတွက် နည်းပညာဆိုင်ရာ လေ့လာဆန်းစစ်မှုများကို သက်ဆိုင်ရာ အစိုးရဌာနများက ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒက်စ်မွန်လီက ကြေညာသည်။ ၅ နှစ် အချိန်ယူ လုပ်ဆောင်မည် ဖြစ်သည်။ 

လေ့လာတွေ့ရှိချက်များအရ  အစီအစဉ်ရေးဆွဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို လာမည့် ဆယ်စုနှစ်များတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

Long Island ရှည်မျောမျော ကုန်းမြေ ၃ ခုဖြင့် ကမ်းလွန်တွင် တာရိုးသဖွယ် ကာရံပြီး အလုံပိတ်ထားလိုက်ပြီးလျှင် ကြားနေရာတွင် ရေချိုကန်ကြီးတခု ထားရှိမည် ဖြစ်သည်။ 
စင်ကာပူနိုင်ငံ၏ ၁၈ ခုမြောက် ရေချိုလှောင်ကန် ဖြစ်လာမည် ဖြစ်သည်။ 

သို့ဖြစ်ရာ Long Island စီမံကိန်းသည် ပင်လယ်ရေ လွှမ်းမိုးမှုကို ကာကွယ်ပေးသည်အပြင် ရေချိုအရင်းအမြစ် အသစ်တခုကိုလည်း ရရှိစေမည် ဖြစ်သည်။

 

မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့  သည် အားကစားနှင့် အပန်းဖြေမှုဆိုင်ရာ အခြေခံအဆောက်အအုံများကဲ့သို့သော သာယာအဆင်ပြေမှုများဖြင့် လူနေရပ်ကွက်များ ထားရှိဖို့  မျှော်မှန်းထားပြီး ချန်ဂီလေဆိပ်နှင့် ပိုမိုနီးကပ်သောနေရာအဖြစ်  စက်မှုဇုန်များ ထားရှိရန်အတွက်လည်း အလားအလာ ရှိသည်။

Source SG.news

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Infrastructure and Zones Read 952 times