မြန်မာ့အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် LESSO HOMEကုမ္ပဏီ နှင့် MoU ရေးထိုး


03 December, 2020

အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံရှိ အကြီးဆုံးကုမ္ပဏီများထဲတွင် တစ်ခုဖြစ်သော "LESSO HOME” ကုမ္ပဏီနှင့်မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးခရိုင် ဖောဆန်းမြို့တွင် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင်MoU ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

ယင်းစီးပွားရေးတွေ့ဆုံပွဲတွင် နိုင်ငံပေါင်း ၄ဝကျော်မှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း၊နားလည်မှုစာချွန်လွှာအရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ နှင့် အိမ်ခြံမြေ နှင့် သက်ဆိုင်သည့်ကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးသော်လည်း လုပ်ငန်းဆောင်ရွက်မည့် အသေးစိတ်အချက်အလက်များကို လာမည့် ဇူလိုင်လမှ သာဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

LESSO ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဟိုတယ် ၁ဝဝဝ စီမံကိန်း၊အိမ်ရာစီမံကိန်း၊မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊အိမ်ရာစီမံကိန်းများအပြင် အဆင့်မီဈေးများ ဆောက်လုပ်ခြင်း၊နိုင်ငံတကာ သို့ ပရိဘောဂပစ္စည်းများတင်ပို့ရောင်းချခြင်း၊အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း၊အိမ်ခြံမြေ လုပ်ငန်းများ အစရှိသည့် လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်ကြောင်းသိရသည်။

Public Housing Read 74 times