ဈေးဦးပေါက် ၅၀၈ ခန်း ရောင်းရသည့် Lentor Modern ၏ ထူးခြားချက်များ


24 September, 2022

ဈေးဦးပေါက် ၅၀၈ ခန်း ရောင်းရသည့် Lentor Modern ၏ ထူးခြားချက်များ

ယေဘုယျအားဖြင့်  မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင် Urban Redevelopment Authority (URA) သည် ကွန်ဒိုများ ဆောက်လုပ်ရန် နယ်မြေများအတွက် စင်ကာပူကို 
 Core Central Region (CCR)
Rest of Central Region (RCR)
Outside Central Region (OCR)
ဟူ၍ အဓိက ဒေသ ၃ ခု ပိုင်းခြားထားရာတွင် Lentor Modern ကွန်ဒိုသည် စင်ကာပူ၏ Outside Central Region (OCR)  တွင် တည်ရှိပါသည်။

 

 

Lentor Modern သည် စတင်ရောင်းချသည့်သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ တွင် စုစုပေါင်းယူနစ် ၆၀၅ ခု ရောင်းရန် ရှိနေသည့်အနက် ၅၀၈ ခု ရောင်းထွက်ခဲ့ပါသည်။ ၈၄% ခန့် ရောင်းထွက်သွားသည်။
OCR ဖြစ်နေသော်လည်း Lentor Modern ကွန်ဒိုအခန်းများ ဈေးမြင့်နေပါလျက် ၅၀၈ ခန်း ရောင်းထွက်ခဲ့ခြင်း ဖြစ်ပါသည်။

အိပ်ခန်း ၄ ခန်းပါ၊ ကြမ်းခင်း ဧရိယာ 1,528 sq. ft တိုက်ခန်းများ ပျမ်းမျှရောင်းဈေးမှာ S$3,036,409 ဖြစ်ပါသည်။
ရောင်းရန် ၆၃ ခန်းရှိရာ ထက်ဝက်ကျော် ရောင်းထွက်ခဲ့ပါသည်။

အိပ်ခန်း ၃ ခန်းပါ၊ ကြမ်းခင်း ဧရိယာ 1,130 sq. ft ဝန်းကျင် တိုက်ခန်းများ ပျမ်းမျှရောင်းဈေးမှာ S$2,143,558 ဖြစ်ပါသည်။
ရောင်းရန် ၂၄၈ ခန်းရှိရာ ၁၂၈ ခန်း ရောင်းထွက်ခဲ့ပါသည်။

ပျမ်းမျှရောင်းဈေး S$1.56 သန်း ရှိသည့် အိပ်ခန်း ၂ ခန်းပါ၊ ကြမ်းခင်း ဧရိယာ 732 sq. ft ဝန်းကျင် တိုက်ခန်းများနှင့် ပျမ်းမျှရောင်းဈေး S$1,150,459 ရှိသည့် အိပ်ခန်း ၁ ခန်းပါ ကြမ်းခင်း ဧရိယာ 527 sq. ft တိုက်ခန်းများ အားလုံး လက်ကျန်မရှိ ရောင်းထွက်သွားပါသည်။

Lentor Modern ကွန်ဒိုတည်ရှိရာ Lentor Central ကို အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခဲ့ပါသည်။ Facebook, Instagram, TikTok အစရှိသည့် လူမှုကွန်ရက်များတွင် ကြော်ငြာပါသည်။  နေထိုင်ဖို့ အဆင်ပြေသည့် နေရာတစ်ခုအဖြစ် တင်ပြသည်။ ‌အစားအသောက်အတွက် အဆင်ပြေပုံကိုလည်း food blogger များ စုဝေးရာ ieatishootipost မှာ တင်ပြသည်။
အိမ်ရာ portal များတွင် Lentor Modern ကို ကြော်ငြာပါသည်။

အချိန်ကိုက် အခါကိုက် ဖြစ်သွားသည်မှာ  AMO Residence မှ အခန်းများ ရောင်းပြီးခါစ အချိန်အခါ ဖြစ်နေသည်။ AMO Residence သည် အခန်းအားလုံး ရောင်းကုန်ခဲ့ရာ အခန်းမဝယ်လိုက်ရသူများ Lentor Modern ကို ခြေဦးလှည့်ချင်မိအောင် ကြော်ငြာများက ဆွဲဆောင်ပါသည်။
Source asiaone
#MyanmarBuilderGuide 
To join Telegram Channel  https://t.me/Guid4U

 

Residential Read 480 times