စူပါပြိုင်ကား Lamborghini ရဲ့ ဒူဘိုင်းအိမ်ရာ အိမ်အားလုံး ကြိုပွိုင့် SOLD OUT


04 December, 2021

စူပါပြိုင်ကား Lamborghini ရဲ့ ဒူဘိုင်းအိမ်ရာ အိမ်အားလုံး ကြိုပွိုင့် SOLD OUT

အိမ်စီးစူပါပြိုင်ကားလုပ်ငန်း Lamborghini ရဲ့ ပထမဆုံးဖြစ်သော အိမ်ရာစီမံကိန်းဟာ အလွန်အမင်း အောင်မြင်သွားပါတယ်။
Lamborghini ရဲ့ Dubai Hills Estate အိမ်ရာစီမံကိန်းမှာ အိပ်ခန်း ၆ ခန်းပါ လုံးချင်းအိမ်ကြီး အလုံး ၆၀ ပါဝင်ပြီး  ကြိုပွိုင့်ရောင်းချခဲ့ရာ အိမ်အားလုံး လက်ကျန်မရှိ ရောင်းထွက်ခဲ့ပါတယ်။
 ၂၀၂၆ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးဖိူ့ လျာထားပါတယ်။ 
 
အိမ်ပိုင်ရှင်အနေဖြင့် Lamborghini ရဲ့ အထူးသီးသန့် ပရိဘောဂများကို သုံးစွဲဖို့ ဆန္ဒရှိရင် Lamborghini က စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။
အခန်းတိုင်း၊ ပရိဘောဂတိုင်း Lamborghini ရဲ့ ဟန်ပန်ကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။

  တည်နေရာက ဒူဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကားဖြင့် မိနစ် ၂၀ သွားရင် ရောက်မယ့်နေရာမှာ ဖြစ်ပါတယ်။

 

 

Real Estate & Properties Read 578 times