အမေရိကန်ဒေါ်လာ ၃၆ သန်းဆိုတာ ဘီလျံနာ Kylie Jenner အဖို့တော့
သူမရဲ့ ကြွယ်ဝမှု သမုဒ္ဒရာထဲမှ ရေစက် တစ်စက် ဖြစ်ပေမဲ့ ခေါ်ဈေး ဒေါ်လာ ၅၅ သန်းကို ဈေးဆစ်ပြီး ၃၆ သန်းဖြင့် ဈေးတည့်ခဲ့တာ ဖြစ်ပါတယ်။
ကိုယ့်အားကိုယ်ကိုးပြီး ဘီလျံနာ အဖြစ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး လက်ရှိမှာလည်း ဝင်ငွေကောင်းနေတဲ့ Kylie Jenner ဟာ အခုလို အိမ်တစ်လုံးအတွက် အမေရိကန်ဒေါ်လာ ၃၆ သန်း သုံးစွဲလိုက်လို့ စည်းစိမ် မထိခိုက်နိုင်ပါဘူး။
ယခုအခါ အသက် ၂၂ နှစ် ရှိပြီဖြစ်တဲ့ Kylie Jenner ဟာ ဘီလျံနာ စဖြစ်ခဲ့စဉ်တုန်းက အမျိုးသမီးဘီလျံနာတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး လော့အိန်ဂျယ်လိစ်ဝန်းကျင်မှာ တည်ရှိတဲ့ Holmby Hills မှာ တည်ဆောက်ထားတဲ့ အိမ်လုံးချင်းကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
အိမ်ရဲ့ ကြမ်းခင်းဧရိယာ ၁၉၂၅၀ စတုရန်းပေ ရှိပြီး အပန်းဖြေဖို့အတွက်လည်း ရေကူးကန်၊ တင်းနစ်ကွင်း စတာတွေ ထည့်သွင်းထားတယ်။
အိမ်ခြံမြေကိုယ်စားလှယ်က Kylie Jenner ရဲ့ အသည်းစွဲ ပရိသတ်အတွက် အိမ်ရဲ့ နေရာတချို့ကို ဓာတ်ပုံတွေ ထုတ်ပြပေးခဲ့တယ်။
ကိုယ်ဟန်ပြမယ် မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး နာမည်ရလာချိန်မှာ အလှကုန်လုပ်ငန်းကို သူမရဲ့ အမည်ဖြင့် ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ခဲ့တာမှာ အရမ်းအောင်မြင်သွားခဲ့တယ်။ သူမကို ဘီလျံနာအဖြစ်သို့ ရောက်ရှိစေခဲ့တယ်။ အလှကုန်တွေမှာ lip glosses တွေက ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။
ယခု ဒေါ်လာ ၃၆ သန်းတန် အိမ်မှာ ရေချိုးခန်း ၁၄ ခန်း၊ အိပ်ခန်း ၇ ခန်း ပါဝင်တယ်။ ခြံဝင်းက ဒသမ ၈၃ ဧက ကျယ်တယ်။ ကားအစီး ၂၀ စာ ရပ်ဖို့ နေရာ လုပ်ပေးထားတယ်။
Hidden Hills မှာ တည်ရှိတဲ့ သူမ နေထိုင်တဲ့အိမ်ကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်းဖြင့် ရောင်းချခဲ့ပါတယ်။

Games rooms and bars
.jpg)
Tennis courts and palm trees

swimming pool
.jpg)
.jpg)