ကိုရီယား - မြန်မာ စက်မှုမြို့တော် စီမံကိန်း စတင်


16 September, 2019

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြေဧက ၅၀၀ ကျော်ပေါ်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံကုန်ကျမယ့် Korea - Myanmar Industrial Complex ကိုရီယား - မြန်မာ စက်မှုမြို့တော်စီမံကိန်းကို စတင်လိုက်ကြောင်း တောင် ကိုရီးယားသမ္မတရဲ့ ရန်ကုန်ခရီးစဉ်အတွင်းမှာ ကြေညာလိုက်တာဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Lotte မှာ ကျင်းပတဲ့ပွဲမှာ မြန်မာနိုင်ငံ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ကိုရီးယားသမ္မတ Moon Jae-in တို့ ပူးတွဲတတ်ရောက်ပြီး စီမံကိန်းစတင်ကြောင်း ကြေညာလိုက်ကြတာပါ။ အခမ်းအနားကို နှစ်နိုင်ငံလုပ်ငန်းရှင်တွေလည်း တတ်ရောက်ပြီး သီးခြားပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီကနေ့ Lotte ဟိုမှာ ကျင်းပတဲ့ အခမ်းအနားနဲ့ပတ်သက်လို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက အခုလို ရှင်းပြပါတယ်။
ညောင်နှစ်ပင် ပရော့ဂျက်ကို စတင်အကောင်အထည်ဖော်ဖို့  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ L & H ၊ ကိုရီးယားဘက်က Land & Housing တို့ပူးပေါင်းပြီး ပြုလုပ်တာဖြစ်ပါတယ်။

ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ကိုရီးယားဘက်က လုပ်ငန်းရှင်တွေ သီးခြားတွေ့ဆုံပြီး လုပ်ငန်းပူးပေါင်း ဆောင်ရွက်လို့ရမယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ် မြို့ပြစီမံကိန်းအတွက် မြန်မာ-ကိုရီးယား MOU လက်မှတ်ထိုးဖို့ အစီအစဉ်လည်း ပြုလုပ်ခဲ့ပါတယ်။ ကိုရီးယားကုမ္ပဏီတွေ မြန်မာပြည်တွင် အဆင်ပြေပြေဝင်ရောက်လာဖို့ ၂၀၁၃ မှာ နှစ်နိုင်ငံပထမဆုံး ဆွေးနွေးခဲ့ပြီး ၂၀၁၅ စက်တင်ဘာမှာ ဒီစီမံကိန်းကို နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းသဘောတူစာချုပ် MOA ကိုတော့ ၂၀၁၇ မေလမှာ ရေးထိုးခဲ့တာလို့ Business Korea သတင်းစာက ရေးသားခဲ့ပါတယ်။

စက်တင်ဘာ ၃ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဒီလှည်းကူး စက်မှုမြို့တော်စီမံကိန်းအတွက် ကိုရီးယာနိုင်ငံပိုင် Land & Housing လုပ်ငန်းတွေကြန့်ကြာမှု မရှိအောင် လုပ်ပေးဖို့ ကိုရီးယားသမ္မတက တိုက်တွန်းထားပါတယ်။ မနေ့ကပဲ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကိုရီးယား သွင်းကုန်၊ ထုတ်ကုန်ဘဏ်တို့ ဒီစီမံကိန်းအတွက် ကုန်ကျမယ့် မြန်မာဘက်ကချေးငွေကိစ္စကို သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။

ယခုနှစ်ပထမ ၆လပတ်မှာ မြန်မာပြည်ထဲကို စီမံကိန်းပေါင်း ၁၇၅ ခုကနေ ဒေါ်လာ ၃.၆၇ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ ဟောင်ကောင်နဲ့ ယူကေ ပြီးရင် ကိုရီးယားက နံပတ် ၆နေရာမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားတာတွေ့ရပါတယ်။

Region Read 41 times