ကမ်းခြေတွင်ကိုယ်ပိုင်အိမ်ဝယ်ယူနိုင်မည့် Kangyi Paradise အရောင်းပြပွဲကျင်းပ


28 September, 2019

ကမ်းခြေတွင် ကိုယ်ပိုင်အိမ်ဝယ်ယူနိုင်မည့် Kangyi Paradiseမြေနေရာရောင်းချပွဲကို စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ Melia Hotel၌ ကျင်းပခဲ့သည်။

ရင်းနှီးမြှပ်နှံသူများအနေနှင့် ၅နှစ် အငှားအာမခံ၊နှစ်စဉ်ပုံမှန်ဝင်ငွေအဖြစ် ဝယ်ယူဈေးနှုန်း၏ ၁ဝရာခိုင်နှုန်း မြေအချိုးကျပိုင်ဆိုင်ခွင့်၊ ရက်အကန့်အသတ်မဲ့ နေထြိက်ခွင့်အစရှိသည့် အခွင့်အလမ်းများကိုရရှိ မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စည်သူကပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ဟိုတယ်ဇုန်တွေလည်း တည်ဆောက်နေပါပြီ။ကမ်းခြေက မီအတွက်၊ရေအတွက်လည်း မပူရတော့ဘူး။အစိုးရက ကျွန်တော်တို့ စီမံကိန်းရှေ့မှာ အဝေးပြေးလမ်းဖောက်ဖို့ ရှိတာကြောင့် ကျွန်တော်တို့ အတွက်တော်တော်လေးအဆင်ပြေသွားပါပြီ။လက်ရှိ ရောင်းချနိုင်တဲ့ မြေကွက်အနေအထားနဲ့ အခန်းတွေလည်း တော်တော်လေးကုန်သလောက်ရှိနေပါပြီ။ကျွန်တော်တို့ ဒီစီမံကိန်းကို ၂ဝ၂၂လောက်မှာအပြီးသတ်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဦးကျော်စည်သူကပြောသည်။

အဆိုပါ Kangyi Paradiseသည် ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေအကြားတွင်တည်ရှိပြီး ချောင်းသာမှ ၄၅ မိခန့် ဆက်သွားရုံဖြင့် ရောက်ရှိနိုင်ပြီး Boat များနှင့်လာရောက်နိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းပရောဂျက်တွင် အဆင့်မြင့်ဟိုတယ်၊Service Apartment၊ Villasအစရှိသည့် နေစီမံကိန်းများ၊ရေကူးကန်များ၊ကစားကွင်း၊စားသောက်ဆိုင်နှင့် Mini Martအစရှိသည့် ဝန်ဆောင်မှုများအပြင် Water Sport၊Outdoor Activites များစွာ ပြုလုပ်နိုင်သည့် အဆင့်မင့် ကမ်းခြေအပန်းဖြေစခန်းတစ်ခု အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အချို့လူနေတိုက်ခန်းနှင့် အဆောက်အဦးတစ်ချို့မှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊လာမည့် ဒီဇင်ဘာလတွင် မိတ်ဆက်ပွဲပြုလုပ်ကာ အိမ်ယာရောင်းချပွဲ ကျင်းပမည်ဖြစ်သည်။

Myanmar Builders Guide

Region Read 41 times