စင်ကာပူ တိုင်ကွန်း John Lim ရဲ့ ရုံးခန်းတာဝါ ဒေါ်လာ ၃၁၄ သန်းဖြင့် အရောင်းအဝယ်တည့်


26 September, 2021

စင်ကာပူ တိုင်ကွန်း John Lim ရဲ့ ARA Asset Management က စင်ကာကူမှာ တည်ရှိတဲ့ ရုံးခန်းတာဝါတစ်ခုကို အမေရိကန်ဒေါ်လာ ၃၁၄ သန်းဖြင့် ရောင်းချလိုက်ပါတယ်။ 
 ARA Asset Management ကို စင်ကာပူ တိုင်ကွန်း John Lim နဲ့ ဟောင်ကောင် ဘီလျံနာ Li Ka-shing တို့က ၂၀၀၂ ခုနှစ်မှာ ထူထောင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်မှာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်မှာ အဆောက်အဦပိုင်ဆိုင်မှု တန်ဖိုး စုစုပေါင်း စင်ကာပူဒေါ်လာ ၉၅ ဘီလျံ ရှိပါတယ်။ 

 ARA Asset Managementင ပိုင်ဆိုင်ထားတဲ့ စင်ကာပူရဲ့ စီးပွားရေး အချက်အချာမှာ တည်ရှိတဲ့ ရုံးခန်းတာဝါတစ်ခုကို စင်ကာပူဒေါ်လာ ၄၂၂ သန်း (အမေရိကန်ဒေါ်လာ ၃၁၄ သန်း) ဖြင့် စင်ကာပူအခြေစိုက်  Rivulets Investments ကို ရေင်းချခဲ့တာ ဖြစ်ပါတယ်။ 

61 Robinson မှာ တည်ရှိတဲ့ အထပ် ၂၀ ပါ ရုံးခန်းတာဝါဖြစ်ပါတယ်။  Tanjong Pagar  Telok Ayer  MRT ဘူတာရုံတို့မှ လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာ တည်ရှိပါတယ်။ 

ARA က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ  ရုံးခန်းတာဝါကို စင်ကာပူဒေါ်လာ ၃၄၀ သန်း (အမေရိကန်ဒေါ်လာ ၂၅၂ သန်း)ဖြင့် ဝယ်ယူခဲ့ပြီး ယခု ပြန်ရောင်းထုတ်လိုက်တာ ဖြစ်ပါတယ်။ 
ထိုစဉ်က သက်တမ်း ၁၉  နှစ် ရှိပြီဖြစ်တဲ့ ရုံးခန်းတာဝါမှာ အသားတင် ငှားရမ်းဧရိယာ ၁၃၂,၃၀၀ စတုရန်းပေ (၁၂,၂၉၁ စတုရန်းမီတာ ရှိပြီး တစ်စတုရန်းပေကို စင်ကာပူဒေါ်လာ ၂,၅၇၀ ဝန်းကျင်ဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ရုံးခန်းငှားရမ်းသုံးစွဲနေတဲ့ ဘဏ်လုပ်ငန်းများ၊ ငွေကြေးလုပ်ငန်းများ၊ အတိုင်ပင်ခံလုပ်ငန်းများ ရှိနေပြီး ငှားရမ်းခက တစ်ပေပတ်လည်ကို စင်ကာပူဒေါ်လာ ၉ မှ ၉.၅၀ အထိ ဖြစ်ပါတယ်။ 
ARA က အဆောက်အဦကို ပြုပြင်မွမ်းမံမှုများ ပြုခဲ့ပြီး အသားတင်ငှားရမ်း ဧရိယာကို ၁၄၁,၉၅၈ စတုရန်းပေ(၁၃,၁၈၈ စတုရန်းမီတာ) ဖြစ်အောင် စီမံခဲ့ပါတယ်။ 

စင်ကာပူမှာ အိမ်ရာနဲ့ ရုံးခန်းအဆာက်အဦ ဈေးကွက် အားကောင်းနေဆဲဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်မှာ အရောင်းအဝယ် ပမာဏ စုစုပေါင်း စင်ကာပူဒေါ်လာ ၉.၆ ဘီလျံ ရှိခဲ့ပါတယ်။ 

 John Lim ရဲ့ အသားတင်တန်ဖိုးက စင်ကာပူဒေါ်လာ သန်း ၉၅၀ ဖြစ်ပြီး စင်ကာပူ အချမ်းသာဆုံး ၅၀ စာရင်းမှာ နံပါတ် ၄၆ မှာ ရှိပါတယ်။ 


mingtiandi.com
 

Global Read 1671 times