မှန်အမှားကြောင့် အထပ်သားနန်းတော် အမည်တပ်ခံရတဲ့ John Hancock Center


17 November, 2021

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ တည်ရှိပြီး မှန်ချပ်နံရံကာ ၆၂ ထပ် အဆောက်အဦဖြစ်ပါတယ်။ အမြင့်ပေ ၇၉၀ ရှိပြီးမြို့ရဲ့ အမြင့်မားဆုံး အဆောက်အဦ ဖြစ်ပါတယ်။ M. Pei & Partners မှ Henry N. Cobb က ဒီဇိုင်း ထုတ်ပေးပါတယ်။
 
 အဆောက်အဦ ဆောက်လုပ်စဉ်ကာလမှာ နံရံအဖြစ် တပ်ဆင်တဲ့ ၄ ပေ x  ၁၁ ပေ မှန်ချပ်ကြီးတွေ အမျိုးအစား မှားယွင်းတဲ့ ပြဿနာဟာ သင်ခန်းစာ ယူစရာ ဖြစ်ခဲ့ပါတယ်။ တပ်ထားတဲ့ မှန်ချပ်ကြီးတွေ အလိုလို ကွဲပြီး တိုက်အောက်ကို ပြုတ်ကျပါတယ်။ လမ်းသွားလမ်းလာတွေအပေါ် ကျရောက်ပြီး ထိခိုက်မှာ စိုးရိမ်ရတဲ့အတွက် လမ်းပိတ်ထားရတယ်။ 

မှန်ချပ် တစ်ချပ် ပေါင် ၅၀၀ လေးလံပါတယ်။
ဘာကြောင့် ကွဲကျရလဲ အဖြေရှာနေချိန်မှာ မှန်ချပ် ပြုတ်ကျတာတွေ ထပ်မံဖြစ်ပွားတယ်။ မှန်ကွကျလို့ အပေါက်ကြီးဖြစ်နေတာကို ယာယီအားဖြင့် အထပ်သားချပ်တွေနဲ့ ပိတ်ကာထားလိုက်ကြတယ်။ ပြုတ်ကျတဲ့ မှန်ချပ်တွေက များတွေ ကာထားတဲ့ အထပ်သား နေရာတွေလည်းများတယ်။ မြို့ခံတွေက အထပ်သားနန်းတော် "Plywood Palace" လို့ အမည်ပေးထားကြတယ်။
မှန်ချပ်က အပူဒဏ်နဲ့ တုန်ခါခြင်းတို့ကြောင့် ကွဲတာလို့ သိရတဲ့အခါ အဆောက်အဦတစ်ခုလုံး မှန်ချပ် အမျိုးအစားအသစ်နဲ့ လဲတပ်ရတယ်။ 
၄ ပေ x ၁၁ ပေ မှန်ချပ်ကြီးတွေ စုစုပေါင်း ၁၀,၃၄၄ ချပ် လဲရတယ်။

ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ သန်းမှ ၇ သန်းအထိ ကုန်ကျမယ်လို့ ခန့်မှန်းတယ်။

မှန်ချပ် ၅၀၀၀ ခန့်က အကောင်းအတိုင်း ရှိနေသေးပေမဲ့ အသစ်လဲတပ်ခဲ့ရပါတယ်။

Architecture Read 673 times