ဂျပန်နိုင်ငံ JICA ထံမှ ချေးငွေရယူပြီး တန်ဖိုးသင့် အိမ်ရာများတည်ဆောက်မည်


20 November, 2020

သက်သာသော အတိုးနှုန်းဖြင့် နှစ်ရှည် ပေးဆပ်ကာ ပိုင်ဆိုင်ခွင့်ရမည့် တန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာများတည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ထံမှ

ဂျပန်ယန်း ၁၅ဘီလျံ ချေးယူရန် မတ် ၆ရက် က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဂျပန်နိုင်ငံ JICA ထံမှ ချေးငွေအဖြစ် ဂျပန်ယန်း ၁၅ဘီလျံ ချေးယူရန်ဆာက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မှ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

၂ဝ၁၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ နှစ် ၂ဝ အတွင်း အိမ်ခန်းပေါင်း တစ်သန်း ဖော်ဆောင်မည့် စီမံချက်တွင် နိုင်ငံတော် အဆင့် သာမက ပုဂ္ဂလိက ကဏ္ဍမှာပါ ပူးပေါင်းကာ နှစ်ဦးနှစ်ဖက် အကျိုးတူတည်ဆောက်မှ

သာလျှင် ပြည်သူများ၏ နေထိုင်ရေးအား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်း ရှစ်ခုအနက် အိမ်ရာစီမံကိန်းငါးခုရှိ

အခန်းပေါင်း ၁၄၉၅ ခန်း အား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊၂ဝ၁၈ ခုနှစ် မတ်လ တတိယပတ်တွင်

လက်ကျန် အခန်း ၅၂ဝ ကို ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း စုစုပေါင်း ရရှိမည့် အခန်း ၈၆၂၄ ခန်းအနက် ၃၈၆၈ အခန်းမှာ လက်ရှိ ၁ဝဝ ရာခိုင်နှုန်း ပြီးစီးပြီး ကျန်ရှိသည့် အခန်း ၄၇၅၆ ခန်းမှာ

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာတွင် ၁ဝဝ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယ ဝန်ကြီးမှ ဆောက်လုပ်ရေး ကဏ္ဍတွင် အရည်အသွေးကောင်းမွန်၍ အဆင့်အတန်းမီသော တန်ဖိုးနည်း၊တန်ဖိုးသင့် အိမ်ရာများ စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်းအားဖြင့်

ပြည်သူတို့၏ အဓိက အရေးသုံးပါးဖြစ်သော စား၊ဝတ်၊နေရေး တွင် မရှိမဖြစ်လိုအပ်သော နေရေး အတွက် ပြည်သူများ သက်သာသော အတိုးနှုန်းထား နှင့် နှစ်ရှည် ပေးဆပ်ရင်း အနာဂတ်တွင်

ပိုင်ဆိုင်မည့် အိမ်ရာမှာ နေထိုင်ခွင့် ရရှိ၍ လုံခြုံ စိတ်ချရသည့်နေရေးကို ရရှိရန် ဂျပန်နိုင်ငံ JICA မှ ဂျပန်ယန်း ၁၅ဘီလျံ ချေးငွေ ရယူရေးကိစ္စအား ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြထားကြောင်း သိရသည်။

ချေးငွေဆိုင်ရာအချက်အလက်များ သည်ချေးငွေ ပမာဏ ဂျပန်ယန်း ၁၅ဘီလျံဖြစ်သည်။ချေးငွေအမျိုးအစား JICA မှ ODA Loan (Two Step Loan)အတိုးနှုန်း ဝဒသမ ဝ၁ ရာခိုင်နှုန်း၊ချေးယူမည့်ကာလ

၂ဝ၁၈ မှ ၂ဝ၂၂ ခုနှစ်ထိ။ပြန်လည်ပေးဆပ်ရမည့် ကာလ နှစ် ၄ဝ (Grace Period ၁ဝနှစ်+၃ဝနှစ်)ဖြစ်သည်။

ချေးငွေအပေါ် အသုံးချမှုအစီအစဉ်မှာ ချေးငွေကာလ ပထမနှစ် နှစ် အတွင်းချေးငွေ ပမာဏ စုစုပေါင်း၏ ရာခိုင်နှုန်း ၆ဝ နှင့် ဒုတိယနှစ်နှစ် အတွင်း ကျန် ရာခိုင်နှုန်း ၄ဝ ချေးယူရန်

လျာထားပြီး ပြန်လည် ထုတ်ချေးရန်အစီအစဉ်များသည် ပထမအဆင့်အနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ လှည့်ပတ်ရန်ပုံငွေဖြင့် ဆောက်လုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ

တန်ဖိုးနည်း၊တန်ဖိုးသင့် အိမ်ရာများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ချေးငွေထုတ်ချေးခြင်း၊ဒုတိယအဆင့်အနေနှင့် ဂျပန်နိုင်ငံ ၏နည်းပညာဖြင့် အရည်အသွေးပြည့်ပြီး

ကာလ ရှည်ခိုင်မာသည့်အိမ်ရာများ ဆောက်လုပ်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အပြင် အခြားပုဂ္ဂလိကဘဏ်များမှ ပါ ချေးငွေ ထုတ်ချေးခြင်း

တတိယအဆင့်အနေဖြင့် ပုဂ္ဂလိကမှ ဆောက်လုပ်သည့် အရည်အသွေးကောင်းမွန်သော အိမ်ရာများအား အခြားပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးသွားမည်ဖြစ်သည်။

ပြည်သူတို့ အိမ်ရာပိုင်ဆိုင်နိုင်ရေးလက်ရှိ(Housing Mortgage)စနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် အခြေခံပြီး အိမ်ရာငွေကြေးအထောက်အကူပြုနိုင်ရေးအတွက်

လိုအပ်သော ငွေကြေးပိုင်းဆောင်ရွက်မှုဆိုင်ရာ၊အဆောက်အအုံ စံချိန် စံညွှန်းဆိုင်ရာအချက်အလက်များဆွေးနွေး၍ ဦးဆောင်လမ်းညွှန်မှု ကော်မတီ(Steering Committee)၏ကြီးကြပ်ကွက်ကဲမှုဖြင့်

ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးမှ ပြောကြားကြောင်း သိရသည်။

Public Housing Read 82 times