သီလဝါအထူးစီးပွားရေးဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား (IBTT) ဖွင့်လှစ်


16 September, 2019


သီလဝါအထူးစီးပွားရေးဇုန်ရှိ ကုန်တန်ချိန် ၆၀၀၀၀ အထိတင်ဆောင်နိုင်သော သင်္ဘောများဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား International Bulk Terminal Thilawa (BITT) ဖွင့်ပွဲကို စက်တင် ဘာ ၇ ရက်က ကမ္ဘာအေးဘုရားလမ်းရှိ Mellia ဟိုတယ်၌ ကျင်းပခဲ့သည်။

ထိုအသစ်ဖွင့်လှစ်လိုက်သည့်( BITT) ဆိပ်ကမ်းသည် အကွက်အမှတ် ၃၀/၃၁(က)တွင် အလျား ၂၃၀ မီ တာ၊အနံ ၂၅ မီတာနှင့်ရေအနက် ၁၁ မီတာနက်ပြီး အရှည် ၂၀၀ မီတာနှင့်ကုန်တန်ချိန် ခြောက်သောင်းအထိ တင်ဆောင်နိုင်သည့် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်ခုဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲတွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ဂျပန်သံအမတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ IBTT မှ မန်နေဂျင်းဒါရိုက်တာနှင့်တာဝန်ရှိသူများတတ်ရောက်ခဲ့ကြသည်။

ယင်း၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပင်လယ် ရေကြောင်း ကုန်စည်များကိုနိုင်နင်းထိရောက်စွာကိုင်တွယ်နိုင်ရေးအတွက် IBTT ဆိပ်ခံတံတားကြီးက များစွာအထောက်အကူဖြစ်မှာဖြစ်ကြောင်း ပြောထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက သတ်မှတ်ထားသည့် နှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၃၈ ဒသမ ၈၆သန်း အပါအဝင် ကန်ဒေါ်လာ ၆၅ ဒသမ ၄၄ သန်းနှင့်တန်ဖိုးတူညီသော ဆိပ်ခံတံ တားနှင့်နောက်ခံမြေပေါ်တွင် စုစုပေါင်း မက်ထရစ်တန် ၆၆၀၀ ဆံ့ ဂျုံနှင့် ကောက်ပဲသီးနှံသိုလှောင်ကန် ၁၃ လုံး စုစုပေါင်းကြမ်းခင်းဧရိယာ ၅၄၀၀ စတုရန်းမီတာရှိ သိုလှောင်ရုံတစ်လုံးတို့ကို တည်ဆောက်နိုင်ခဲ့ပြီး ဆိပ်ကမ်းဝန် ဆောင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

IBTT အနေဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို လွန်ခဲ့သော မေလက စတင်ခဲ့ပြီး ဂျုံစေ့ မက်ထရစ်တန် ၇၀၀၀၀ ခန့်ကို ငါးရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။အမျိုးအစားစုံလင်သော ကုန်တင်သင်္ဘောများကို ကျွမ်းကျင်သောဝန်ဆောင်မှုပေးနိုင်ရန်ပြင်ဆင်ထားကြောင်းသိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် IBTT သည် ဖက်စပ်စနစ်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး Capital Diamond Star Group (CDSG) လုပ်ငန်းစုကြီးနှင့် Mitsubishi Corporation တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော Liuvia Limited, Kamigumi Co.,တို့အကျိုးတူ ပူးပေါင်းထားခြင်းဖြစ်ကြောင်းသိရသည်။

Events Read 422 times