၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်နိုင်မည့်နှလုံးနှင့် ဦးနှောက်အာရုံကြော Hospital


09 November, 2020

ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်အနီးရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင်မြေနေရာတွင် နိုင်ငံတကာအဆင့်မီ နှလုံးနှင့် ဦးနှောက်-အာရုံကြောအထူးကုဆေးရုံကြီး တည်ဆောက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏အကူအညီဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုဆေးရုံကို ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်အနီး မင်းရဲကျော်စွာလမ်းဘက်ခြမ်း ခုတင် ၅ဝဝဆံ့ ရန်ကုန်အထွေထွေ ရောဂါ ဆေးရုံကြီးအနီးတွင် ဆောက်လုပ်ရန် လတ်တလောလျာထားကာ မြေပြင်ကွင်းဆင်းလေ့လာမှုများဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ယင်းဆေးရုံတည်ထောင်မည့် ကုန်ကျစရိတ်များအတွက် ဂျပန်အစိုးရမှ ရဝရာခိုင်နှုန်းထောက်ပံ့မည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၃ဝရာခိုင်နှုန်း အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး ဆေးရုံကြီး တည်ဆောက်ပြီးစီးပါက နှလုံးအထူးကုဌာန၊နှလုံးခွဲစိတ်ကုဌာနများ၊ဦးနှောက်အာရုုံကြောခွဲစိတ်ကုဌာနများ ထည့်သွင်းဖွင့်လှစ်နိုင်ရေးအခြေအနေများ၊စက်ပစ္စည်းကိရိယာများနှင့်ဝယ်ယူတပ်ဆင်မှုကို မြန်မာနိုင်ငံမှ အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

၂ဝ၁၆ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော အစိုးရသစ်တက်လာပြီးနောက် အမျိုးသားကျန်းမာရေးစီမံကိန်း (၂ဝ၁၇-၂ဝ၂၁) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး မှ ကာလအတန်ကြာမြို့ပြဒေသများရှိ ဆေးရုံအခြေပြုစပါယ်ရှယ်လစ်ဆေးကုသမှုများ အတွက်ဦးစားပေးပြီး ရင်းနှီး မြှုပ်နှံခဲ့မှုကြောင့် နိုင်ငံသူနိုင်ငံသားအများစု မှီတင်းနေထိုင်ရာ ကျေးလက်ဒေသများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားလျော့ပါးခဲ့ရကြောင်းသိရသည်။

Pyi Myanmar

Local Office and Retail Read 34 times