၂၀၁၈ ခုနှစ်အကုန်တွင်ပြီးစီးတော့မည့် Harmony Square စီမံကိန်း


02 November, 2020

ကမ္ဘာအေးဘုရားလမ်းနှင့်ကံဘဲ့လမ်းထောင့်ရှိ Harmony Squareစီမံကိန်းမှာ ၂၀၁၈ခုနှစ် ကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းသည်လူအများလာရောက်အပန်းဖြေနိုင်မည့်နေရာဖြစ်လာမည်ဖြစ်ပြီး အင်ယားကန်သဘာဝရှုခင်းများနှင့် မြို့ပြပုံစံကိုဖန်တီးထားခြင်းဖြစ်သည်။

The Central Project သည် ရန်ကုန်တွင်ပိုမို အဆင်ပြေစေမည့်လူအများအပန်းဖြေနိုင်သည့် နေရာများလိုအပ်ကြောင်းကိုသိရှိပြီးဖြစ်၍ လူထုအတွက်ထိုသို့ နေရာများ ဖန်တီးသွားရန် ရည်ရွယ်ထားသည်။ 

စီမံကိန်းတွင်ပထမဆုံးနိုင်ငံတကာဈေးဝယ်လျှောက်လမ်းတစ်ခုပါဝင်လာမည်ဖြစ်ပြီး အဆင့်မြင့်လူနေတိုက်ခန်းဈေးဝယ်စင်တာနှင့် ရုံးခန်းများပါဝင်မည်ဖြစ်ကြောင်းသိရသည် ။

စီမံကိန်းအတွက်အုတ်မြစ်ချခြင်းကိုရန်ကုန်တိုင်းဝန်ကြီးချူပ်ကမေ ၃၀ရက်က အခမ်းအနားဖြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

The central သည် MargaLandmarkကုမ္ပဏီမှတည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းကိုပြီးခဲ့သည့် နှစ်ထဲကစတင်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

လူနေအခန်းနှင့် ရုံးခန်းများကို Margalandmark ကယခုနှစ်တွင်စတင်ရန်ရည်ရွယ်ထားသည်။

imyanmarhouse

Office and Retail Read 33 times