၃၁ ထပ် ပါဝင်သည့် Grand Park ဟိုတယ် သြဂုတ်လအတွင်း ဖွင့်မည်


13 August, 2019

မန္တလေးမြို့တွင် အ မြင့်ဆုံးဟိုတယ် တစ်ခုဖြစ်လာ မည့် Grand Park ဟိုတယ်ကို သြဂုတ်တတိယပတ်အတွင်း တ ရားဝင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါဟိုတယ်၏ Sale Executive ဦးဖြိုးဝေအောင်ကပြောသည်။
 
မန္တလေးမြို့ ၈၄ လမ်းတွင် တည်ရှိသည့် ယင်းဟိုတယ်သည် ၃၁ ထပ်တည်ဆောက်ထားကာ အပေါ်ဆုံးထပ်၌ ရေကူးကန်နှင့် Sky Bar များပါရှိပြီး ဧည့်သည်များ တည်းခိုနိုင်ရန် အခန်း ၂၀၉ ခန်းပါရှိကြောင်း ၎င်းကပြောကြား သည်။

ထို့အပြင် ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လူ ၁၀၀ ၊ လူ ၅၀ နှင့် လူ ၂၀ ကျော် ဧည့်ခံနိုင်မည့် အခန်းများပါရှိပြီး ကားအစီးရေတစ်ထောင်ခန့် ရပ်နားနိုင်မည့် ကားပါကင် ထည့်သွင်းတည် ဆောက်ထားကြောင်း၎င်းကပြောကြားသည်။

‘‘ကျွန်တော်တို့ ဟိုတယ်အ နေနဲ့ ခရီးသွားဧည့်သည်များလက် ခံနိုင်ရေးအတွက် ခရီးသွားအေ ဂျင်စီပေါင်း ၄၀ ကျော်နဲ့ စာချုပ် ချုပ်ဆိုထားတယ်။ တရုတ် ခရီး သွားဧည့်သည်များကို အများဆုံး ရရှိထားပြီးတော့ ဥရောပနဲ့အရှေ့ တောင်အာရှက ခရီးသွားအချို့ကို လည်း လက်ခံရရှိထားပါတယ်’’ ဟု Grand Park ဟိုတယ်မှ Sale Executive ကိုစိုးထက်ရှင်းကပြော သည်။

အဆိုပါဟိုတယ်ကို သြဂုတ် ၁၆ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်ခရီးသွားများနှင့် အရှေ့ တောင်အာရှခရီးသွားများအပြင် ဥရောပခရီးသွားများကိုပါ ဈေး ကွက်ထိုးဖောက်ရန် Booking.com နှင့် Agoda.com ကဲ့သို့နိုင်ငံ တကာဟို တယ် Booking ဝက်ဘ် ဆိုက်များနှင့် ချိတ်ဆက်ဆောင် ရွက် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

Region Read 35 times