စွယ်စုံ Golden Mile Complex ဗိသုကာဒီဇိုင်း


18 November, 2021

Golden Mile Complex ကို မြို့ပြဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် ဗိသုကာ ဒီဇိုင်းများ စမ်းသပ်လုပ်ကိုင်နေခဲ့ကြသည့် ကာလတွင် ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့သည်။
မြို့ပြလူနေမှုဘဝအတွက် လိုအပ်သော သက်သာအဆင်ပြေမှုများ ပေးနိုင်သော အဆောက်အဦအဖြစ် ဒီဇိုင်းထုတ်ပြီး "ထောင်လိုက်မြို့တော်"  ‘vertical city’  အယူအဆကို အခြေခံထားသည်။ 
၁.၃ ဟက်တာအကျယ်အဝန်းပေါ်တွင် တည်ဆောက်ထားသည်။ အမြင့် ၈၉ မီတာ ရှိသည်။ 
ဆောက်လုပ်ရေးကုန်ကျစရိတ် စင်ကာပူဒေါ်လာ ၁၈ သန်း ရှိပြီး ၁၉၇၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

၁၆ ထပ် အဆောက်အဦတွင် မြို့ပြမှာနေထိုင်သူတို့ လိုအပ်မည့် အရ အတော်များများကို အဆောက်အဦမှာ ရရှိနိုင်အောင် စဉ်းစားပြီး ထည့်သွင်းပေးထားသဖြင့် စွယ်စုံရ အဆောက်အဦတစ်ခု အဖြစ် ရပ်တည်သည်။
နေအိမ်တိုက်ခန်းများ၊ စီးပွားရေးလုပ််ငန်းများအတွက် အခန်းများ၊ ဖျော်ဖြေရေးအတွက် နေရာများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ရုံးခန်းများ အစရှိသည်တို့ ပါဝင်သည်။ 
အောက်ဆုံး သုံးထပ်တွင် ကော်ဖီဘားများ၊ ကုန်တိုက်၊ စူပါမားကက်၊ အရောင်းဆိုင် ၊ နိုက်ကလပ် စသည်တို့ ဖွင့်လှစ်ထားသည်။ ဆိုင်ပေါင်း ၄၁၁ ဆိုင်၊ ရုံးခန်း ၂၂၆ ခု၊ လူနေတိုက်ခန်း ၆၈ ခန်း ရှိသည်။

 DP Architects ဟု အမည်တွင်သော စင်ကာပူဗိသုကာလုပ်ငန်း  Design Partnership မှ Gan Eng Oon, William Lim နှင့်  Tay Kheng Soon  တို့က ဒီဇိုင်းထုတ်ပေးခဲ့ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

Architecture Read 445 times