၂ဝ၁၇ ဒီဇင်ဘာတွင် ဆောက်လုပ် ပြီးစီးတော့မည့် Fortune Plaza


04 November, 2020

ထိုပလာဇာသည်မင်းနန္ဒလမ်းနှင့်သုမနလမ်းထောင့်၊သာကေတမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိသည်။

Golden Environmental Construction and Development (GEC)Construction မှတည်ဆောက်ထားပြီး Sigaporean Architect မှဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။

မြေဧက၁၆ဧကပေါ်တွင်Shop House နှင့် Shopping Mall တည်ဆောက်မည်ဖြစ်ပြီး ယခုတွင် Shop House မြေဧက၇ဧကသာတည်ဆောက်ထားပြီး၂၀၁၇ခုနှစ်ဒီဇင်ဘာတွင်တည်ဆောက်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရသည်။

အဆောက်အဦးပုံစံ

Shop House ၆၅လုံးတည်ဆောက်မည်ဖြစ်ပြီး Shop House တစ်လုံးတွင်အထပ်ပေါင်းလေးထပ်ပါဝင်မည်ဖြစ် ကြောင်းသိရသည်။

ထိုလေးထပ်စလုံးမှာ အခန်းဖွဲ့စည်းထားခြင်းမရှိဘဲ Hall Typeဖြစ်ကြောင်းသိရသည်။

အခန်းအကျယ်အဝန်းမှာစတုရန်းပေ ၄၄၈၄၊၄၆၂၄၊၆၀၇၅၊၁၂၃၂၃ ကျယ်ဝန်းကြောင်းသိရသည်။

ပေအားဖြင့်၂၀×၆၀၊၂၅×၆၀၊၅၄×၆၈ပေရှိပြီး ၂၀×၆၀မှာ ၄၄၈၄နှင့် ၄၆၂၄ ဟူပြီး ထောင့်ခန်းအလိုက်စတုရန်းပေကွာခြားသည်ဖြစ်ကြောင်းသိရသည်။

 

အဆောက်အအုံဧရိယာ (4484+4624)Sq.ft , (20×60)ပေ 6075Sq.ft , (25×60)ပေ 12323Sq.Ft , (54×68)ပေ
Shop House အရေအတွက် 55 6 4
ဓာတ်လှေကား - 6Nos 4Nos
ကားပါကင် 1Nos 1Nos 2Nos

ပေ၂ဝ×၆ဝအားငှားမည်ဆိုလျှင်တစ်စတုရန်းပေလျှင်ဒေါ်လာ ဝဒသမ၈ သတ်မှတ်ထားပြီး တစ်လုံးလုံးအားဝယ်မည်ဆိုပါကတစ်စတုရန်းပေလျှင်ဒေါ်လာ ၁၅ဝ မှ ဒေါ်လာ၂၁ဝ ခန့်မှန်းထားကြောင်းသိရသည်။

ပေ၂၅×၆ဝနှင့်တစ်လုံးလျှင် ငှားမည်ဆိုပါကတစ်စတုရန်းပေလျှင်ဒေါ်လာ ၁ဒသမ၂ဖြစ်ပြီး အရောင်းဈေးနှုန်းမှာ တစ်စတုရန်းပေလျှင်ဒေါ်လာ၂၈၀ခန့်မှန်းထားကြောင်းသိရသည်။

နေရာပေါ်မူတည်ပြီး ဈေးနှုန်းများမှာ ကွာခြားမည်ဖြစ်ကြောင်းသိရသည်။

 ငွေပေးချေမှုပုံစံ

၅နှစ်အရစ်ကျပေးချေနိုင်ပြီး ပထမလတွင် ၃ဝရာခိုင်နှုန်းပေးချေပြီးလျှင် ကျန် ၇ဝရာခိုင်နှုန်းအနက် ၁၅ရာခိုင်နှုန်းဖယ်ပြီး ၅၅ရာခိုင်နှုန်းအား ၅၉လဖြင့် MAB ဘဏ်နှင့်ချိတ်ဆက်ပေးနိုင်ကြောင်းသိရသည်။

Mixed Use and Urban Local Read 38 times