ကွန်တိန်နာတွေနဲ့ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့ဖလား FIFA 2022 World Cup အားကစားရုံ


07 December, 2021

ကွန်တိန်နာအရောင်တွေနဲ့ လှပတင့်တယ်နေတဲ့ အားကစားရုံကြီးကို ကွန်တိန်နာတွေနဲ့ ဆောက်လုပ်ပါတယ်။
Stadium 974 လို့ အမည်ပေးထားတဲ့ ကွန်တိန်နာ အားကစားရုံကြီးကို  Fenwick Iribarren Architects က ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ပြီးစီးခဲ့ပါပြီ။
FIFA 2022 World Cup ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ကာတာနိုင်ငံမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ယခင်က ဒိုဟာဆိပ်ကမ်းအနီးရှိ ပရိသတ် ၄၀,၀၀၀ ထိုင်ကြည့်နိုင်တဲ့ အားကစားရုံကြီး Ras Abu Aboud ကို အသစ်ပြန်လည်ဆောက်လုပ် လိုက်တာ ဖြစ်ပါတယ်။
ကွန်တိန်နာတွေကို ပြန်ဖြုတ်သိမ်းလို့ရအောင် အရှင်တပ်ဆင်ထားတာဖြစ်လို့ ကမ္ဘာ့ပထမဆုံးဖြစ်သော ဖြုတ်နိုက်တပ်ဆင်နိုင်တဲ့ အားကစားရုံကြီး ဖြစ်ပါတယ်။


Stadium 974 ကို စပိန်စတူဒီယို Fenwick Iribarren Architects က အင်ဂျင်နီယာလုပ်ငန်း 
 Schlaich Bergermann Partner ၊ အင်ဂျင်နီရာဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Hilson Moran တို့နဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။

ရေကြောင်းသုံး ကွန်တိန်နာတွေကို တဖန်ပြန်လည်သုံးစွဲပြီး steel structure နဲ့ တွဲဖက် တည်ဆောက်ထားပါတယ်။

ပြန်ဖြုတ်သိမ်းပြီး တခြားတစ်နေရာမှာ ပြန်လည် ဆောက်လုပ်လို့ ရအောင် ဒီဇိုင်းထုတ်ပေးထားပါတယ်။
အရွယ်အငယ်စားများ အဖြစ်လည်း ပြောင်းလဲ ဆောက်လုပ်လို့ရပါတယ်။
ရေသုံးစွဲမှု နည်းပါးတယ်။ ဆောက်လုပ်ချိန် မြန်ဆန်တယ်။ ဆောက်လုပ်ရေး ကုန်ကျစရိတ် သက်သာတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထံမှ စွန့်ပစ်ပစ္စည်း နည်းပါးတယ်။ ရေကြောင်းသုံး ကွန်တိန်နာတွေ တစ်ဖန်ပြန်သုံးစွဲ နိုင်စေတယ်။

Stadium 974 လို့ အမည်ပေးထားတာက ကွန်တိန်နာ ၉၇၄ လုံး သုံးထားလို့ ဖြစ်ပါတယ်။
ကာတာနိုင်ငံအတွက် ဖုန်းနံပါတ်ကလည်း 974 ဖြစ်ပါတယ်။

 

How To Read 506 times