တရုတ် စတီး တိုင်ကွန်း  စင်ကာပူ Far East Shopping Centre ဝယ်ယူမည်


30 September, 2023

တရုတ် စတီး တိုင်ကွန်း  စင်ကာပူ Far East Shopping Centre ဝယ်ယူမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်သံမဏိသူဌေးကြီး Du Shuanghua သည် စင်ကာပူတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာသည်။
သူဌေးကြီး၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Glory Property Development သည် စင်ကာပူမှ Far East Shopping Centre အဆောက်အဦကို ဝယ်ယူရန် စင်ကာပူဒေါ်လာ ၉၁၀ သန်း (ကန်ဒေါ်လာ ၆၆၆ သန်း) ခန့်ဖြင့် ကမ်းလှမ်းပါသည်။
Far East Shopping Centre သည် စင်ကာပူ၏ အထင်ကရ ဈေးဝယ်ရာနေရာ Orchard Road မှ သက်တမ်းအရင့်ဆုံး စီးပွားရေး လုပ်ငန်းသုံး အဆောက်အဦ ဖြစ်ပါသည်။
ပွဲစားလုပ်ငန်းမှာ CBRE ဖြစ်ပြီး ကြမ်းခင်းဧရိယာ ၂၀% အထိ တိုးချဲ့မည့် အစီအစဉ်အတွက် မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် Urban Redevelopment Authority ထံမှ အတည်ပြု ခွင့်ပြုချက် ရယူရန် လိုအပ်ပါသည်။

၁၉၇၄ ခုနှစ်တွင်တည်ဆောက်ခဲ့သော ၁၅  ထပ် Far East Shopping Centre သည် ၃၆,၀၀၀ စတုရန်းပေခန့် ကျယ်ဝန်းသော ၉၉၉ နှစ် ဂရံမြေနေရာပေါ်တွင် တည်ရှိသည်။

လက်ရှိကြမ်းခင်းဧရိယာမှာ ၂၄၂,၀၀၀ စတုရန်းပေ ရှိသည်။ အောက်ဆုံးထပ်မှ ၅ ထပ်အထိ လက်လီအရောင်းဆိုင် ၆၀၀ ဝန်းကျင်ရှိသည်။ အပေါ်ဘက် ၁၀ ထပ်တို့တွင် ရုံးခန်းများ တည်ရှိသည်။
ကြမ်းခင်းဧရိယာကို ၂၉၀,၀၀၀ စတုရန်းပေအထိ ထပ်ချဲ့‌ပေးနိုင်သည်။

Source forbes

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Real Estate & Properties Read 438 times