စုပေါင်းပိုင် အဆောက်အအုံအဖြစ် သတ်မှတ်ထားသော သာကေတရှိ Emerald Bay Eco Smart City


11 December, 2019

သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်ရှိ ၁၇ ဧက ကျယ်ဝန်းသည့် Emerald Bay အဆောက်အအုံကို စုပေါင်းပိုင် အဆောက်အအုံအဖြစ်သတ်မှတ် ကြောင်း Yangon Golden Paragon Investment ကုမ္ပဏီ ကဧပြီ ၂ ရက်တွင် ထုတ်ပြန်ကြေ ညာသည်။

အဆိုပါ အဆောက်အအုံကို Emerald Bay Eco Smart City အဖြစ်သတ်မှတ်ပြီးနှစ် ၆၀ ဂရန် ဖြင့် ၃၂ ထပ်မြင့်အဆောက်အအုံ ဖြစ်သည်ဟုကုမ္ပဏီကဆိုသည်။

စုပေါင်းပိုင်အဆောက်အအုံ ဆိုသည်မှာ စုပေါင်းပိုင်ဆိုင်သည့် မြေပေါ်တွင်တည်ဆောက်ထား သောခြောက်ထပ်နှင့် အထက်ရှိ သော အဆောက်အအုံကို ဆိုလို ပြီး ထိုမြေသည် စုပေါင်းမြေအ ဖြစ်မှတ်ပုံတင်ထားရှိရမည် ဟု စု ပေါင်းပိုင်ဆိုင်ရာအဆောက်အအုံ ဥပဒေ၌ ပြဋ္ဌာန်းထားသည်။ တစ် နည်းအားဖြင့် အဆိုပါစီမံကိန်း တွင် မြေယာပိုင်ဆိုင်မှုသည် အ ခန်းပိုင်ဆိုင်မှုအရ အချိုးကျပိုင် ဆိုင်မည်ဖြစ်သည်။

 အဆိုပါအဆောက်အအုံကို  တက်လမ်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ နှင့် စင်ကာပူ Golden Paragon Investment ကုမ္ပဏီတို့က Yangon Golden Paragon Investment ကုမ္ပဏီအဖြစ်အ ကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းကို  ၂၀၁၈ သြဂုတ်တွင် ရင်းနှီးမြှုပ်နှံမှုကော် မရှင်ထံမှ ခွင့်ပြုမိန့်ရသည်ဟု ကုမ္ပဏီကထုတ်ပြန်ထားသည်။

ထိုစီမံကိန်း ပထမအဆင့် တွင် ၃၂ ထပ်ပါဝင်ပြီးလူနေ တိုက်ခန်း၊ အရောင်းစင်တာ၊ ကားပါကင်နှင့် စတိုးဆိုင်များ ပါဝင်မည်ဖြစ်သည်။

အဆိုပါအဆောက်အအုံကို စုပေါင်းပိုင် အဆောက်အအုံအ ဖြစ်မှတ်ပုံတင်မည်ဟု ကုမ္ပဏီက ကြေညာထားသည်။

 ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် စုပေါင်းပိုင်အိမ်ရာစီမံခန့် ခွဲမှုကော်မတီတို့က ရန်ကုန်တိုင်း အတွင်း စုပေါင်းပိုင်အဆောက် အအုံဆောက်လုပ်မည့် လုပ်ငန်းရှင်များအား တည်ထောင်သူလုပ်ငန်းလိုင်စင်ပေးအပ်မည့်ပွဲကို ဧပြီ ၆ ရက်တွင်ပြုလုပ်မည်ဖြစ်သည်။

Real Estate & Properties Read 58 times