ဟန်မြင့်မိုရ်၊ မြို့ကြီး၊ ရွာငံ၊ အောင်ပန်းလမ်းပိုင်း(DOH-07B)ကို မက်စ်မြန်မာမှ တာဝန်ယူတည်ဆောက်မည်


28 September, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနမှ ဦးစီး၍ ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီဖြစ်သော JICA ODAL Loan ဖြင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့်(၂) ဖြစ်သည့် ဟန်မြင့်မိုရ်၊ မြို့ကြီး၊ရွာငံ၊ အောင်ပန်းလမ်းပိုင်း(DOH-07B)ကို မက်စ်ဆောက်လုပ်ရေးနှင့် မက်စ်ဟိုင်းဝေးတို့မှ တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ လမ်းပိုင်းသည် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အကြား ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသော အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၅.၅မီတာအကျယ်နှင့် ၁၁.၆၂ ကီလိုမီတာရှည်လျားသော (၂)လမ်းသွား ကတ္တရာလမ်းမကြီးနှင့် လမ်းတစ်လျှောက်ရှိ Box Cluvert များ၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်းများကို တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပါသည်။

အဆိုပါ လမ်းပိုင်း အဆင့်မြှင်တင်တည်ဆောက်ခြင်းအတွက် သဘောတူစာချုပ်ချုပ်ဆိုပွဲကို ၂၀၁၉ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့က နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပါသည်။

Region Read 44 times