မြန်မာငလျင်ကြောင့် ဘန်ကောက်တွင် အဆောက်အဦ ပျက်စီးမှု ဖြစ်ပွားနိုင်ဟု DMR ပြောကြား


21 June, 2023

မြန်မာငလျင်ကြောင့် ဘန်ကောက်တွင် အဆောက်အဦ ပျက်စီးမှု ဖြစ်ပွားနိုင်ဟု DMR ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မြန်မာနိုင်ငံတွင် လှုပ်သော ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ၂၀၀၇ ခုနှစ် မတိုင်ခင် ဆောက်လုပ်ခဲ့သော တိုက်တာအဆောက်အဦများ ပျက်စီးနိုင်သည်ဟု တွင်းထွက်ပစ္စည်း အရင်းအမြစ်ဌာန Mineral Resources (DMR) က ပြောကြားသည်။
.
ငလျင်ဒဏ် ခံနိုင်ရည်ရှိစေရန် နိုင်ငံ၏ အဆောက်အအုံကုဒ်များကို ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ ထိုသို့ ပြင်ဆင်သတ်မှတ်ခြင်း မပြုခင်က ဆောက်လုပ်ခဲ့သော ဘန်ကောက်မြို့မှ အဆောက်အဦများသည် မြန်မာနိုင်ငံတွင် လှုပ်သော ပြင်းထန်သော ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိမရှိ မသေချာကြောင်း DMR က သတိပေးပြောကြားသည်။
.
တနင်္လာနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် DMR သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 


ဘန်ကောက်မြို့၏ အနောက်ဘက် ကီလိုမီတာ ၄၉၀ ခန့်အကွာတွင် ဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက် မြို့တော်နှင့် နွန်သဘူရီတို့ရှိ အထပ်မြင့် အဆောက်အအုံများစွာတို့တွင် လှုပ်ခတ်သွားခဲ့သည်။
.
DMR အကြီးအကဲ Oranuj Lorphensri က ငလျင်၏ ဗဟိုချက်မှာ မြန်မာနိုင်ငံရှိ ကီလိုမီတာ ၁၂၀၀ ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ရှိကြောင်း၊ ဒေသတွင်းမှာ အလှုပ်ဆုံး ငလျင်ပြတ်ရွေ့ကြောများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားသည်။ 
ပြတ်ရွေ့တစ်လျှောက်တွင် ပြတ်ရွေ့ကြောများ လှုပ်ရှားမှုများကြောင့် ငလျင်အကြီးစား လှုပ်ခတ်မှုများ ရှိခဲ့ဖူးကြောင်း၊ ၁၉၀၅-၂၀၁၂ ခုနှစ်အတွင်း ပြင်းအား 6.8 အထက် ငလျင်ကြီး ၁၀ ကြိမ် လှုပ်ခဲ့ဖူးကြောင်း သူမက ပြောကြားသည်။

၁၉၁၂ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော အပြင်းထန်ဆုံးဖြစ်ပြီး ပြင်းအား ၇.၉ ရှိသည်။
.
DMR ၏ နောက်ဆုံးခန့်မှန်းချက်အရ ပြင်းအား အနည်းဆုံး ၇.၅ ရှိသော ငလျင်ကြီးသည် ၂၀၃၀ ခုနှစ်ဝန်းကျင်တွင် ဖြစ်ပွားနိုင်ဖွယ်ရှိသည်။
.
“ငလျင်က ကျွန်တော်တို့ရဲ့ မြို့တော်ဘန်ကောက်ကို ထိခိုက်လိမ့်မယ်။ အဆောက်အဦဟောင်း‌တွေမှာ  အသေးစားပျက်စီးမှုအချို့ ဖြစ်ပွားနိုင်တယ်။ အက်ကြောင်း ပေါ်တာမျိုး ဖြစ်နိုင်တယ်။ အဆောက်အဦ အသစ်တွေအဖို့တော့ ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်လောက်ဘူး" သူမက ပြောကြားသည်။
.
အဆိုပါဌာန၏ အဆိုအရ ထိုင်းနိုင်ငံတွင် ပြည်နယ် ၂၃ ခုကို ဖြတ်သွားသည့် ပြတ်ရွေ့ ၁၆ ခုရှိပြီး အချို့မှာ ယခင်က ငလျင်ငယ်များ ဖြစ်ပေါ်ခဲ့သည်။
.
၁၉၁၂-၂၀၂၂ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်အားလုံးအနက်မှ ၆ ခုသည် ထိုင်းနိုင်ငံ၏ ပြတ်ရွေ့များတစ်လျှောက် ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ကဲ့သို့ ဒေသတွင်း အခြားနေရာများတွင် တည်ရှိသော ပြတ်ရွေ့များတစ်လျှောက်တွင် ၄၆ ကြိမ် ဖြစ်ပွားခဲ့သည်။
.
ဘန်ကောက်မြို့ပြ ညွှန်ကြားမှု ဦးစီးဌာန Bangkok Metropolitan Administration(BMA) မှ မြို့ပြအင်ဂျင်နီယာပညာရှင် Tanit Jaisa-ard က မြို့တော်ခန်းမရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မြို့ပြနှင့် နိုင်ငံစီမံကိန်းဦးစီးဌာနတွင် အထပ်မြင့်အဆောက်အအုံများ ငလျင်ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စည်းကမ်းများ ချမှတ်ထားကြောင်း ပြောကြားသည်။
၂၀၀၇ ခုနှစ်နောက်ပိုင်း ဆောက်လုပ်ခဲ့သော မြို့တော်ရှိ အဆောက်အအုံများ အထူးသဖြင့် အထပ်မြင့်ကွန်ဒိုများနှင့် ရုံးခန်းအဆောက်အအုံများသည် ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိလောက်အောင် ခိုင်ခံ့သည်ဟု ၎င်းက အခိုင်အမာ ပြောကြားသည်။
Source bangkokpost

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 383 times