၁၆% အထူး Discount ရရှိမယ့် Emerald Bay ကွန်ဒိုအိမ်ရာအရောင်းပြပွဲ


16 September, 2019


Emerald Bay Condo အရောင်းပြပွဲကို စက်တင်ဘာလ (7-8)ရက်တွင် Emerald Bay Show Gallery (သာကေတ၊ရှုခင်းသာမြို့ပတ်လမ်း)မှာ မနက် (၉) နာရီ မှ ည (၅) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ကြယ်ငါးပွင့်အဆင့်ရှိ လူနေမှုဘဝပုံစံကိုဖော်ဆောင်ပေးမယ့် Emerald Bay Condo အရောင်းပြပွဲကို ၁၆% အထူး Discount ရရှိမယ့် ငွေပေးချေမှု့ပုံစံဖြင့်ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

အနာဂတ် ရန်ကုန်မြို့တော်ရဲ့ Smart City အသွင်ကို ထင်ဟပ်စေမယ့် Emerald Bay အိမ်ရာစီမံကိန်းဟာ ရှုခင်းသာမြို့ပတ်လမ်း၊သာကေတမြို့နယ်ရှိ စုစုပေါင်း ၂၇ ဧကကျယ်ဝန်းသည့် အစိုးရ အသိအမှတ်ပြု ခိုင်မာသော ဂရန်မြေအမျိုးအစားပေါ်တွင် တည်ဆောက်လျက်ရှိပါတယ်။

အဆင့်မြင့် အခန်းပေါင်း (၆၀၀၀) ကျော်ပါဝင်ပြီး အိပ်ခန်း (၁) ခန်း မှ (၄) ခန်းပါ အိမ်ခန်းများ၊ စတုရန်းပေ ( ၃၀၀၀၀) ကျယ်ဝန်းသော ဈေးဝယ်စင်တာကြီး ပါဝင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ စုစည်းတည်ရှိလာမှာဖြစ်လို့ ရင်နှီးမြှုပ်နံှမှု အခွင့်အလမ်းကောင်းတွေကို ဖော်ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

အချက်အခြာကျတဲ့ Downtown ဧရိယာနဲ့ နီးစပ်ပြီး အလားအလာကောင်းသည့် Emerald Bay Condo ရှိ တာဝါ (၂) လုံးကို (၂၀၂၂) ခုနှစ် မတ်လတွင် အပြီးသတ်အပ်နံှသွားမှာပဲ ဖြစ်ပါတယ်။

ပြပွဲအတွင်း လာရောက်ဝယ်ယူသူတွေသာ ရရှိနိုင်မည့် အထူးပရိုမိုးရှင်းအစီအစဉ်ကတော့....

- ပွဲအတွင်းဝယ်ယူသည့် Customer များကို ဦးဦးဖျားဖျား အခန်းများကို ရွှေးချယ်နိုင်မည့် အခွင့်အရေး
 
- အခန်းဝယ်ယူသူတိုင်းကို $900 Cash Back ပြန်လည်ပေးအပ်သွားမည့်အပြင် ++% Discount နှင့် အခြား ခံစားခွင့်များထပ်မံရရှိမည့်အခွင့်အရေး
 
- (၆) လ ကနေ (၅) နှစ် အထိ အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်မယ့်အခွင့်အရေးတို့ပဲဖြစ်ပါတယ်။

Emerald Bay အိမ်ရာစီမံကိန်း၏ ထူးခြားတဲ့အချက်အလက်များ......

 - သာကေတမြို့နယ်တွင်တည်ရှိခြင်းကြောင့်သန်လျင်၊ ဗိုလ်တထောင် နှင့် မင်္ဂလာတောင်ညွှန့်မြို့တို့ကိုမြစ်ကူးတံတားဖြတ်ကူးရုံဖြင့် ရောက်ရှိနိုင်သလိုရန်ကုန်မြို့တွင်းကိုလည်းအချိ န်တို အတွင်း လွယ်ကူစွာသွားလာနိုင်ပါတယ်။

- အစိုးရအသိအမှတ်ပြု ခိုင်မာသောဂရန်မြေ အမျိုးအစားဖြစ်သည့်အတွက် ပိုင်ဆိုင်မှု့ခိုင်မာမှာလည်း ဖြစ်ပါတယ်။

- ကြယ်ငါးပွင့်အဆင့် Condo ဖြစ်တာကြောင့် Condo တွင် City mart, JCGV , Shopping Center , Garden , တို့ပါရှိတဲ့အတွက် တစ်နေရာတည်းမှာတင် ပြီးပြည့်စုံတဲ့ လူနေမှုအဆင့်မြှင့်တင်ပေးနိုင်ပါတယ်။

- Green Technology ဖြစ်သည့်အတွက် ရေယိုစိမ့်ခြင်း၊ နံရံအက်ကွဲခြင်း၊ နံရံတွင်း အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းစသည့်ပြသနာများကိုဖြေ ရှင်းနိုင်သည့်အပြင် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

- ခမ်းထည်ဝါလှပသော ပန်းခြံဥယျာဉ်ကြီးနှင့် မြစ်ကန်းနဘေး ပန်းခြံအလှအပများ ဖန်းတီးပေးထားလို့ ရင်သပ်ရှုမောဖွယ်ရှုခင်းအလှအပများကို ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

အပန်းပြေ စိတ်ကျေနပ်မှုရရှိစေမယ့် Facility ဝန်ဆောင်မှုများ အနေနဲ့လည်း Garden Swimming Pools ( Two ) ၊ Runway၊ Leisure Square ၊Tennis Court ၊ Basketball Court၊ Playground ၊ Park ၊Fitness Center ၊ International Garden၊ Preschool ၊ Gym ၊ JCGV ၊ Shopping Center၊ Automatic Car- parking System ၊ 24 hrs. security၊ Central Club ၊ 5 stars property services များ ပါရှိမှာပဲ ဖြစ်ပါတယ်။

 

 

Events Read 461 times