ဂုတ်ထိပ်တံတား Design Loading Highway Grade-1ဖြင့် တည်ဆောက်ရန်တင်ဒါခေါ်ယူ


26 September, 2019

 ဂုတ်ထိပ်တံတားစီမံကိန်းကို Design Loading Highway Grade-1ဖြင့် တည်ဆောက်ရန်တိုင်းရင်းသားလုပ်ငန်းရှင်များကိုတင်ဒါခေါ်ယူလျက်ရှိကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါဂုတ်ထိပ်တံတားကို လေးလမ်းသွားအကျယ် ၂၇ဒဿမ ၅မီတာ၊Cable Stay Main Bridge၆၇ဝမီတာ Approach Bridge Precast T Beam ၂၁ဝမီတာ၊Abutment ၇မီတာ၊စုစုပေါင်း အရှည် ၈၈၇မီတာကို Design Loading Highway Grade-1(equivalent with HLAASHTO)ဖြင့်တည်ဆောက်ရန်အတွက် Public Private Partnership(PPP)အစီစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။

ရင်းနှီးမြှပ်နှံလိုသူများသည် စိတ်ဝင်စားမှုအဆိုပြုလွှာကို အောက်တိုဘာ ၂၈ ရက် မတိုင်မီ စာရွက် စာတမ်းများပြုစု၍ ပေးပို့ရမည်ဖြစ်ပြီး လွန်ခဲ့သော ၃နှစ်စာ Bank Statementများ ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများ၊သက်ဆိုင်ရာထောက်ခံချက်များ ပါရှိသောစာရင်း၊ကိုယ်ရေးအကျဉ်း၊ရင်းနှီးမြှပ်နှံလိုသူ လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် ယခုစီမံကိန်းနှင့် တူညီသောစီမံကိန်း၏ အမည်၊တည်နေရာ၊နှင့် စီမံကိန်းအကျဉ်း တို့ကို ပူးတွဲဖော်ပြရမည်ဖြစ်ကြောင်းတင်ဒါစည်းကမ်းတွင် ပါရှိသည်။

Myanmar Builders Guide

General Read 472 times