ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြန်မာ - ထိုင်း နှစ်နိုင်ငံကြား အချက်ကိုးချက် သဘောတူ


28 September, 2019

 ထားဝယ်အထူး စီးပွားရေးဇုန်မြေပြင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ တွင်ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာ - ထိုင်း နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေး မြန်မာ - ထိုင်း ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေးကို အောက်တို ဘာ ၃ ရက်တွင် နေပြည်တော်ရှိ ပါ့ခ်ရွိင်ရယ်ဟိုတယ်၌ ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် နှစ် နိုင်ငံကြားအချက် ကိုးချက်သ ဘောတူခဲ့ပြီး ထားဝယ်အထူး စီး ပွားရေဇုန်အတွက် ကနဦးစီမံ ကိန်းကို ထိုင်းနိုင်ငံနှင့် ဆောင် ရွက်မည်ဖြစ်သည်။ သို့သော်ကျန် ပင်မစီမံကိန်းကို ထိုင်းနိုင်ငံအစိုး ရ၊ထိုင်းကုမ္ပဏီအပြင်စိတ်ဝင် စားသည့် အခြားတတိယနိုင်ငံ များကို ဖိတ်ခေါ်မည်ဟု ထုတ်ပြန် ကြေညာသည်။ ထိုသို့ဆောင်ရွက် ရာတွင် ထိုင်းကုမ္ပဏီနှင့် မူလ စာချုပ်အတိုင်းဆောင်ရွက်မည် ဟုဆိုသည်။

‘‘ထားဝယ်အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဖို့အ ရင်အစိုးရ အဆက်ဆက်ကြိုးစား ခဲ့တာ ယခုဆိုနှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ စီမံကိန်းတည်နေ ရာ၊ အခြေခံအဆောက်အအုံအ ခြေအနေကြောင့်ထင်သလောက်မအောင်မြင်သေးတာဖြစ်တယ်’’ ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်း နိုင်ကပြောသည်။ ထို့ကြောင့် ၎င်းတို့တာဝန်ယူ ခဲ့သည် ကာလတွင် အခြေခံအ ဆောက်အအုံ ဖြည့်တင်းရန် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ပင်မစီမံကိန်းအတွက် ကန ဦးစီမံကိန်းနှင့် အပြိုင်ဆောင် ရွက်မည်ဟု ဒုဝန်ကြီးကဆိုသည်။ ထားဝယ် အထူးစီးပွားရေးဇုန် သည် စုစုပေါင်း ၁၉၆ စတုရန်း ကီလိုမီတာရှိပြီး ကနဦးစီမံကိန်း တွင် ၂၇ စတုရန်းကီလိုမီတာ ရှိသည်။

ကျန်ဧရိယာကို ပင်မစီမံ ကိန်းအဖြစ် ဆောင်ရွက်မည်ဖြစ် သည်။ မြန်မာ - ထိုင်းနှစ်နိုင်ငံ သဘောတူညီချက်များသည် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ ဖြိုးရေး ဆက်လက်ဆောင်ရွက် ရန်၊ နှစ်နိုင်ငံနှစ်လမ်းသွားလမ်းမ ဖောက်လုပ်ရာတွင်ပူးပေါင်း ဆောင်ရွက်ရန်၊ နှစ်နိုင်ငံအစိုးရ ထိပ်တန်းခေါင်းဆောင်အဆင့်အ စည်းအဝေးကျင်းပရန်၊ အထူးစီး ပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက်အ ကောင်အထည်ဖော်ရန်၊ မြန်မာ ဘက်မှလျှပ်စစ်ဓာတ်အားရရှိရန်ဆောင်ရွက်ထားမှုအခြေအနေနှင့် အခြားစိတ်ဝင်စားသည့် တတိယ မြောက်ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် သဘောတူခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံမှ ဒုတိ ယသမ္မတဦးဆောင်သော အဖွဲ့ နှင့် ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီး ချုပ်ခေါင်းဆောင်သောအဖွဲ့တို့ ထိုင်းနိုင်ငံ၌မကြာမီ တွေ့ဆုံရန် သဘောတူခဲ့သည်။

စီမံကိန်းပထမအဆင့်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံထားဝယ် အထူးစီးပွားရေးဇုန်သို့လာသည့် နှစ်လမ်းသွားလမ်းတည်ဆောက် ရန် ဆောင်ရွက်နေပြီး မကြာမီ ချေးငွေစာချုပ် ချုပ်ဆိုမည်ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။ထိုလမ်းအတွက် ဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံချေးယူရန် သဘောတူထားသည်ဟု ၎င်းက ဆိုသည်။

Region Read 37 times