ပင်စင်ဝန်ထမ်း ၃၀,၀၀၀ ခန့်အတွက် အကောင်အထည်ဖော်မည့် Dagon Seikkan Smart City District စီမံကိန်း


12 September, 2019

မလေးရှားထိပ်တန်းကုမ္ပဏီ BERJAYA နှင့်ပူးပေါင်းပြီး ပင်စင်ဝန်ထမ်း ၃၀၀၀၀ ခန့်အတွက် Dagon Seikkan Smart City District စီမံကိန်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဩဂုတ်လ ၃၀ ရက်က ကျင်းပသည့် Malaysia-Myanmar Connect 2019 ပွဲတွင်ပြောသည်။

အဆိုပါစီမံကိန်းကို အစိုးရဘတ်ဂျက်ဖြင့်တည်ဆောက်ရန်စတင်ခဲ့သော်လည်း အချိန်ကြာမြင့်မည့်အခြေ အနေတွင်ရှိခြင်းကြောင့် လုပ်ငန်းများမြန်ဆန်စွာ ပြီးစီးရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းပြီးဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

၎င်းစီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်မှ ဝန်ထမ်းများအတွက် ဆောင်ရွက်သည့် အိမ်ရာ စီမံကိန်းဖြစ်ပြီး အိမ်ရာလေးလုံးခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ်က အဆိုပါစီမံကိန်းကို ပုဂ္ဂလိကနှင့်မြန်မြန်ဆန်ဆန်ဆောင်ရွက်လိုက်ခြင်းဖြင့် ကာလတိုအ တွင်းပြီးစီးပြီး ဝန်ထမ်းများ နေရေးအတွက် စီမံပေးနိုင်မှာဖြစ်ကြောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်ကို နေပြည်တော်ကနေ ၂၀၂၀ တွင်ပင်စင်ယူမည့် ဝန်ထမ်း ၃၀၀၀၀ များက ရန်ကုန်တွင်နေလိုပါကြောင်း၊ဆောင်ရွက် ပေးနိုင်မည်ဆိုပါလျှင် မြန်မြန်ဆောင်ရွက်ပေးပါရန်ဆိုထားသည့်အတွက် ယခုစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍက တင်ဒါခေါ်ခဲ့ပါကြောင်း၊ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကုမ္ပဏီများထဲမှ မလေးရှား၏ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ် သည့် BERJAYA ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း ပြောထားသည်။

အစိုးရအား အခွင့်အလမ်းအများဆုံးပေးသည့်ကုမ္ပဏီကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Factory and Industrial Plant Read 67 times