စင်ကာပူမှာ ထုတ်လုပ်သည့် ကြိုတင်တပ်ဆင် ဉာဏ်ရည်တုပါသော စမတ်အိုးအိမ် Cube Two X


11 October, 2021

စင်ကာပူနိုင်ငံတွင် ထုတ်လုပ်သည့် လူကြိုက်များပြီး အဝယ်လိုက်နေသော ကြိုတင်တပ်ဆင် ( prefab) အိမ်ငယ် ဒီဇိုင်းသည် စမတ်အိုးအိမ်တစ်ခုအဖြစ် နေထိုင်နိုင်မည် ဖြစ်ပြီး နောက်ဆုံးထုတ် မော်ဒယ် Cube Two X အိမ်တစ်လုံး ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ဖြစ်သည်။ 
ကြမ်းခင်းဧရိယာ ၃၇၇ စတုရန်းပေ ရှိသည်။ Cube Two X သည် ထုတ်လုပ်ခဲ့သမျှ Cube series များတွင် အရွယ်အစား အကြီးဆုံး ဖြစ်သည်။ 
ဝယ်ယူသူများတွင် ၇၀% ကျော်သည် အမေရိကန်မှ ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အမေရိကန်တွင် ကိုယ်ပိုင် ဖြန့်ချိရေး မကြာမတင်မှာ လုပ်ကိုင်ရန် အစီအစဉ် ရှိသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အိမ်ငယ်လေးများအပေါ် စိတ်ဝင်စားမှု ရေချိန် မြင့်တက်ခဲ့သည်။ 


 
စင်ကာပူတွင် ပြုလုပ်သည့် အလွန်လူကြိုက်များနေသောအိမ်ငယ်များ ပြုလုပ်သည့် လုပ်ငန်း Nestron ၏ နောက်ဆုံးထုတ် ကန်ဒေါ်လာ ၉၈,၀၀၀ တန် Cube Two X  အိမ်ငယ်မော်ဒယ်ကို စမတ်အိမ်ငယ်အဖြစ် ရေပန်းစား လူကြိုက်များပြီး အဝယ်လိုက်နေသည်။ 


ဤမော်ဒယ်အသစ်သည် Nestron ၏ လူကြိုက်အများဆုံး မူရင်းမော်ဒယ် Cube Two ကို အဆင့်မြှင့်တင်ပေးထားခြင်း ဖြစ်သည်။ 
 


ကုမ္ပဏီသည် ကိုဗစ်-၁၉ ကာလတစ်လျှောက် အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၂၀ ဒီဇင်ဘာလတွင် ကုမ္ပဏီ၏ ဝဘ်ဆိုက်ကို တစ်ချိန်တည်းမှာ လာရောက်ကြည့်ရှုသူ များပြားလွန်းသဖြင့် ဝဘ်ဆိုက် ပြုတ်ကျသွားခဲ့သည်အထိ ဖြစ်ခဲ့ဖူးသည်။ 
Nestron သည် ဉာဏ်ရည်တု  AI artificial-intelligence စွမ်းပကား ပါသော် အိမ်ငယ်များကို ပင်လယ်ရပ်ခြား ဈေးကွက်တစ်ခု ဖြစ်သည့် ယူကေသို့ စတင် တင်ပို့နေပြီ ဖြစ်သည်။ 
သို့သော် ယူကေသည် ကုမ္ပဏီ၏ အကြီးမားဆုံး ဈေးကွက် မဟုတ်ချေ။ Nestron ၏ စမတ်အိုးအိမ်ငယ်ကို မှာကြားသူများ၏ ၇၀% ကျော်သည် အမေရိကန်နိုင်ငံတွင် နေထိုင်ကြသူများ ဖြစ်သည်။ 
သို့ဖြစ်ရာ များမကြာမီတွင် အမေရိကန်ဈေးကွက် ကြီးထွားလာနေသည်ကို ကိုင်တွယ်ပေးရန် အလို့ငှာ Nestron  သည် ကိုယ်ပိုင်ဖြန့်ချိရေးကို အမေရိကန်ပြည်တွင်းမှာ လုပ်ကိုင်ရန် စီစဉ်ထားသည်။ 
အိမ်ငယ်များကို အမေရိကန်နိုင်ငံ တင်နက်ဆီနှင့် နယူးယောက် ရှိ အမှာစာလိပ်စာများထံ ပေးပို့ရန် စီစဉ်လျက် ရှိပြီး ကနေဒါနိုင်ငံသို့လည်း ပေးပို့မည် ဖြစ်သည်။ 

 


အဆင့်မြှင့်ထားသော  Cube Two X (C2X) တန်ဖိုးသည် ကန်ဒေါ်လာ ၉၈,၀၀၀ ဖြစ်ရာ လူကြိုက်အလွန်များသည့် ရောင်းဆေး ကန်ဒေါ်လာ ၅၂,၀၀၀ ဖြစ်သော Cube Two (C2)  ထက် ဈေးပိုကြီးပြီး အရွယ်အစားလည်း ပိုကြီးမားသည်။ C2  အကျယ်အဝန်းသည် ၂၆၃ စတုရန်းပေ ဖြစ်ပြီး C2X သည် ၃၇၇ စတုရန်းပေ နီးပါး ကျယ်သည်။ သိုဖြစ်ရာ Nestron ၏ အိုးအိမ်ငယ်များထဲတွင် C2X သည် အရွယ်အစား အကြီးမားဆုံး ဖြစ်သည်။ 
အိမ်ကို အရွယ်ငယ်သဖြင့် ကြိုက်ကြသည် ဖြစ်သော်လည်း ဝယ်ယူလိုသူတို့က  C2 ထက် ပိုကြီးသော အိမ်ငယ်ကို လိုချင်ကြသဖြင့် ထိုသူတို့အတွက် C2X ကို ဖန်တီးပေးခဲ့သည်။ 
 
Cube series တွင် ပါဝင်သော အခြားအိမ်များနည်းတူ C2X  ကို ဒီဇိုင်း ကြံဆဖန်တီးရာ၌ သိပ္ပံစိတ်ကူးယဉ်နှင့် အနာဂတ် အာကာသယာဉ်မှ အင်္ဂါရပ်များကို စိတ်ကူးကွန့်မြူးထားသည်။ 
ယခင် ထုတ်လုပ်ခဲ့သော Cubes များနှင့် မတူသည်မှာ အိုးအိမ်ငယ်အသစ်သည် ကြမ်းခင်းပုံစံ နှစ်မျိုးကို ရွေးချယ်စရာအဖြစ် စီစဉ်ပေးထားသည်။ တစ်မျိုးမှာ အိပ်ခန်းတစ်ခန်းပါ ပုံစံဖြစ်ပြီး ကျန်တစ်မျိုးမှာ အိပ်ရန် နေရာ နှစ်နေရာ ပါသည်။ 
 


အိပ်ခန်းတစ်ခန်းပါ ယူနစ်သည် လူ ၃ ဦးအထိ နေထိုင်၍ ရသည်။

 

အိပ်ခန်းနှစ်ခန်းပါ ပုံစံသည် လူ ၄ ဦးအထိ နေ၍ရသည်။ 
 

အခန်းဖွဲ့စည်းပုံမှာ နှစ်မျိုးစလုံး ဆင်ဆင်တူကြသည်။ အဝင်နေရာ၊ ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ ရေချိုးခန်းအိမ်သာ၊ အိပ်ခန်းတို့ ပါဝင်ဖွဲ့စည်းထားသည်။ ကြီးမားသော ပြတင်းပေါက်များ ပါသည်။ 

အိပ်ခန်းတစ်ခန်းပါ ပုံစံတွင်သာ စကိုင်းလိုက်နှင့် တံခါးနှစ်ချပ် ရေခဲသေတ္တာ ပါသည်။ အိပ်ခန်းနှစ်ခန်းပါပုံစံတွင် တံခါးတစ်ချပ်သာပါသည့် ရေခဲသေတ္တာ ထည့်ပေးထားသည်။ 

အိုးအိမ်သည် နေထိုင်ရန် အသင့်အနေအထားဖြစ်ပေရာ အခြေခံအားဖြင့် လိုအပ်သော ပရိဘောဂများနှင့် သာယာအဆင်ပြေမှုများ ထည့်ထားပေးပြီးသား ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရလျှင် ဧည့်ခန်းတွင် ဆိုဖာနှင့် မှီအုံးများ ပါသည်။ ရုပ်မြင်သံကြားကြည့်ဖို့ စီစဉ်ထားပြီးသား ဖြစ်သည်။ 

 

အိပ်ခန်းသည်လည်း ဝင်အိပ်ရန် အသင့်အနေအထားတွင် ရှိနေသည်။ ဘီဒိုငယ်၊ စာအုပ်စင်၊ စားပွဲ တို့ ထည့်ပေးထားသည်။ 

 


မီးဖိုချောင်နှင့် ထမင်းစားခန်း တွဲလျက် ဖြစ်ပြီး ချက်ပြုတ်ရန် လျှပ်စစ်မီးဖို ပါသည်။ ရေခဲသေတ္တာတစ်လုံး ပါသည်။ 


ရေချိုးခန်းကိုလည်း အဆင့်မြင့်မြင့် ပြုလုပ်ပေးထားသည်။ အဝတ်လျှော်စက်တစ်လုံး ထည့်ပေးထားသည်။ 

ကြည့်မှန်ကို ဆန္ဒရှိပါက နည်းပညာသုံး ကြည့်မှန်အဖြစ် အဆင်မြှင့်တင်နိုင်သည်။ ထိုအခါ အသံဖြင့် စေခိုင်းခြင်း၊ မျက်နှာပြင်တို့ထိခြင်းတို့ဖြင့် အိမ်မှုကိစ္စအချို့တို့ကိုထိန်းကျောင်း စေခိုင်းနိုင်မည် ဖြစ်သည်။ 

Nestron က အိုးအိမ်ငယ်တွင် ထည့်ပေးထားသော ဉာဏ်ရည်တုကို "Canny" ဟု အမည်ပေးထားသည်။ 
ဉာဏ်ရည်တုစနစ် (AI system ) သည် မနက်ဖက် ကော်ဖီနှပ်ပေးခြင်းမျိုးကို လုပ်ကိုင်ပေးနိုင်သည်။ 
လျှပ်စစ်ဓာတ်အား ချွေတာရန် လူလာမှ မီးဖွင့်ပေးသော motion sensor lights  များ တပ်ဆင်ပေးထားသည်။ 

yahoo.com
 

How To Interior Decoration Read 969 times