မလေးရှားမှ စီမံကိန်းကြီးများ မထိခိုက်ဟု တရုတ်မှ ငွေမလည်တော့သည့် Country Garden  က ပြောကြား


03 September, 2023

မလေးရှားမှ စီမံကိန်းကြီးများ မထိခိုက်ဟု တရုတ်မှ ငွေမလည်တော့သည့် Country Garden  က ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ် အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေး လုပ်ငန်းကြီး Country Garden က မလေးရှားရှိ ၎င်း၏ စီမံကိန်းကြီးများသည် ပုံမှန်အတိုင်းလည်ပတ်နေပြီး ရောင်းအားကောင်းသည်ဟု ပြောကြားသည်။

Country Garden ၏ အကြီးဆုံးပြည်ပ ဖွံ့ဖြိုးရေးစီမံကိန်းကြီးသည် စင်ကာပူ-မလေးရှား နယ်စပ်အနီး ဂျိုဟိုးမှ Forest City စီမံကိန်းဖြစ်သည်။ ပင်လယ်ကမ်းခြေအနီး ပင်လယ်ထဲ မြေဖို့ထားသော ကျွန်းလေးကျွန်းပေါ်တွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ပြီး စင်ကာပူနယ်စပ်တွင် တည်ရှိသည်။

၂၀၁၆ ခုနှစ်တွင်လစတင်ခဲ့သည့် Forest City စီမံကိန်းမှ တည်ဆောက်ပြီးစီးသည့် အိမ်ရာတိုက်ခန်းများတွင် ယခုအခါ နေထိုင်သူ ၉,၀၀၀ ဝန်းကျင်ရှိသည်။
၂၀၃၅ တွင် ၇ သိန်းအထိ နေထိုင်နိုင်မည်။ အိမ်ရာတိုက်ခန်းများနှင့်အတူ ရုံးအဆောက်အဦတာဝါများ၊ ‌ဆိုင်များ၊ ကျောင်းများ ပါဝင်သည်။
Forest City ဒုဥက္ကဋ္ဌ Syarul Izam Sarifudin က စီမံကိန်းသည် ယခုအခါ ၎င်း၏ ဖွံ့ဖြိုးရေး အဆင့် ၂ ကို အကောက်အထည်ဖော်နေသည်ဟု ပြောကြားသည်။

Forest City သည် ဂျိုဟိုး အစိုးရနှင့် ဂျိုဟိုးစော်ဘွားတို့ ကျောထောက်နောက်ခံပြုပေးထားသော ပုဂ္ဂလိကကုမ္ပဏီ Esplanade Danga 88 နှင့် Country Garden တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။

ငွေမလည်သဖြင့် အကျပ်ရိုက်နေသော Country Garden က ဂျိုဟိုးရှိ Forest City စီမံကိန်း အပါအဝင် မလေးရှားရှိ ၎င်း၏အိမ်ရာတိုက်တာစီမံကိန်းများသည် အချိန်ဇယားကိုက် ပုံမှန်လုပ်ကိုင်နေကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင် အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေး လုပ်ငန်းကြီး Country Garden သည် ဩဂုတ်လတွင် ပေးဆပ်ရမည့် အရင်းနှင့်အတိုး ကန်ဒေါ်လာ ၂၂.၅ သန်းကို မပေးနိုင်သဖြင့် ရက်ရွှေ့ဆိုင်းထားသည်။
  

လက်ရှိတွင် Country Garden သည် မလေးရှားတွင် စီမံကိန်း ၅ ခုကို အကောင်အထည်ဖော်နေသည်။ ‌၎င်းတို့မှာ 
• Country Garden Danga Bay
• Forest City
• Central Park 
• Lake City@KL  
• Diamond City 
တို့ ဖြစ်ပါသည်။

Source fmt
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Read 320 times