ဆောက်လုပ်ရေးယန္တရား အထူးပို့ဆောင်ရေး COSCO စတင်ပြေးဆွဲ


23 January, 2022

ဆောက်လုပ်ရေးယန္တရား အထူးပို့ဆောင်ရေး COSCO စတင်ပြေးဆွဲ


COSCO SHIPPING က ဆောက်လုပ်ရေး လုပ်ငန်းသုံး ယန္တရားများကိုသာ ပို့ဆောင်ပေးတဲ့ ရေကြောင်းခရီးစဉ်ကို M.V. TIAN WANG ZHI XING သင်္ဘောဖြင့် စတင်ပြေးဆွခဲ့ပါတယ်။ တရုတ်နိုင်ငံမှ LiuGong ဆောက်လုပ်ရေးယန္တရား ၁၁၈ စီးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာဆိပ်ကမ်းသို့ ၂၀၂၂ ဇန်နဝါရီလ ၄ ရက်မှာ ပို့ဆောင်ခဲ့ပါတယ်။
COSCO SHIPPING က Specialized Carriers ဝန်ဆောင်မှု စတင်ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားများကိုသာ အမြန်ပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးအပ်ပါတယ်။

LiuGong ကို ၁၉၅၈ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ယခုအခါ ကုမ္ပဏီသက်တမ်း နှစ် ၆၀ ကျော်ပြီ ဖြစ်ပါတယ်။ LiuGong က ဆောက်လုပ်ရေး လုပ်ငန်းသုံး ယန္တရားအမျိုးမျိုး ထုတ်လုပ်ပြီး တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချပြီး  ပြည်ပသို့လည်း တင်ပို့ပါတယ်။ ကပ်ရောဂါကြောင့် သင်္ဘောမရသဖြင့် ၂၀၂၁ မှာ ပြည်ပတင်ပို့မှု စီးရေပမာဏ ထိုးကျခဲ့ပါတယ်။


 COSCO SHIPPING Specialized Carriers ဝန်ဆောင်မှုအသစ်က LiuGong အတွက် သီးသန့်ခရီးစဉ်များ ပြေးဆွဲပေးမှာ ဖြစ်ပြီး ဂွမ်ဒေါင်ရှိ မော်မင်း ဆိပ်ကမ်းနဲ့ ဂျာကာတာဆိပ်ကမ်းအကြား “Direct Account Special Express Service”  ဝန်ဆောင်မှုဖြင့် ၇ ရက်ကြာခရီးစဉ်များ ပြေးဆွဲပြီး ယန္တရားများ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

M.V. TIAN WANG ZHI XING က ပထမဆုံး ခရီးစဉ်အတွက် ဂွမ်ဒေါင်ရှိ မော်မင်းဆိပ်ကမ်းမှာ ၂၀၂၁ ဒီဇင်ဘာလ ၂၃ ရက်မှာ ဆိုက်ကပ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ယန္တရား ၁၁၈ စီးကုိ ကုန်တင်ခဲ့ပါတယ်။ အစီအစဉ်အတိုင်း ဒီဇင်ဘာလ ၂၉ ရက်မှာ ထွက်ခွာပါတယ်။ ဂျာကာတာသို့ ဇန်နဝါရီလ ၄ ရက်မှာ ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Region Read 334 times