သီရိမင်္ဂလာအိမ်ရာစီမံကိန်းရှိ Commercial တိုက်ခန်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်


23 November, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် မန္တလေးတိုင်းဒေသကြီး၊ချမ်းသာဇံမြို့နယ်၊

သီရိမင်္ဂလာအိမ်ရာစီမံကိန်း(၂၆×၂၇)လမ်း နှင့် (၇၃×၇၄)လမ်းကြား ကွန်ဒို(၄၊၅၊၆)ရှိ Commercial တိုက်ခန်းများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မျက်မြင်အခြေအနေအတိုင်းပွင့်လင်းမြင်သာစွာရောင်းချမည်ဖြစ်ပါသဖြင့်ရောင်းချမည့်လူနေတိုက်ခန်းပေါင်း၆ယူနစ်(တစ်ယူနစ် သုံးလွှာ)၊တင်ဒါအဆိုပြုလွှာ ရောင်းချမည့်ရက်မှာ ၂၆.၄.၂ဝ၁၈ ဖြစ်ပြီး တင်ဒါအဆိုပြုလွှာ တင်သွင်းပြီး တင်ဒါဖွင့်လှစ်မည့်ရက်မှာ ၂၅.၅.၂ဝ၁၈ ဖြစ်သည်။

တင်ဒါအဆိုပြုလွှာရောင်းချမည့်နေရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၄ဝ)နေပြည်တော်ဖြစ်သည်။

တိုက်ခန်း(၁)ခန်း၏ ကြမ်းခင်း ဈေးနှုန်းမှာ (၁)စတုရန်းပေလျှင် ၇ဝဝဝဝိ/- (ကျပ် ခုနှစ်သောင်း)နှုန်းဖြစ်သည်။

တင်ဒါ အဆိုပြုလွှာ ပုံစံတင်ဒါစည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် (ဝ၆၇-၃၄ဝ၇၅၇၂) သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Housing Read 160 times